#zawgyi
ကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီကားတစ်ချပ်ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်ကို ထိုပန်းချီကို တန်ဖိုးထားသူတိုင်း မြင်တွေ့နိုင်သလို
ကျွန်တော့ရဲ့ Tae အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာတို့ကိုလဲ တန်ဖိုးထားတဲ့ Tae တစ်ယောက်သိပါစေ။
နေရောင်ခြည်နုနုက ပြတင်းပေါက်ဆီမှ ဖြာထွက်ကာ မျက်နှာထပ်ဆီသို့ ကျရောက်လာသဖြင့် Jungkook နိုးလာခဲ့သည်။
ရင်ခွင်ထဲကို ပြန်ကြည့်မိတော့ ဖြူဖွေးနုဖတ်နေသော သူ့ဂွမ်းလုံးလေး....
မဲနက်သွယ်တန်းနေသော မျက်ခုံးလေးတွေ၊မထူမပါးရှိပြီး အရည်လဲ့သော မျက်ဝန်းတို့ကို ဖုံးလွှမ်းနေတဲ့ မျက်တောင်စိတ်စိတ်ကလေး၊
သွေးကြောစိမ်းလေးတွေယှက်ပြေးနေတဲ့ ပါးပြင်နုနု ဒီပါးပြင်လေးက သူနမ်းရှိုက်လိုက်တိုင်း ပန်းနုရောင်သန်းကာ ရှက်သွေးဖြာတတ်သေးသည်။
ဖြောင့်ဆင်းတဲ့နှာတဲ့လေးရဲ့ အဆုံးသတ်က သူမြတ်နိုးရတဲ့ မှဲ့နက်နက်ကလေး
နှုတ်ခမ်းလေးကိုကြည့်ပြန်တော့လဲ အရောင်မတင်ပါပဲ စတော်ဘယ်ရီရောင်သန်းနေတဲ့ နှုတ်ခမ်းဖူဖူးလေးက သူ့မြတ်နိုးမှုတို့ ခညောင်းရာလေး
အသဲတယားယားနဲ့ အိပ်ပျော်နေတဲ့ ချစ်ရသူရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။
ခဏကြာတော့ လွန့်လူးလာသည့် အသဲအသက်ကလေး...
"နိုးပြီလား ကိုယ့်အချစ်ကလေး "
"အင်း~~~~~" ဆိုကာအပျင်းကြောဆန့်ရင်းဖြေတဲ့ပေါက်စ
ပြီးမှမျက်နှာလေးရှုံ့မဲ့နေလေသည်။"ဘာဖြစ်လို့လဲ Tae ရဲ့ ကြည့်ပါဦး မျက်နှာလေးကလဲ ရှုံ့မဲ့နေတာပဲ"
သူအသဲယားစွာဆိုလေတော့
" တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ Jeon" တဲ့
" ဟုတ်ပါပြီ အဲ့တာဆို Tae ရေချိုးရအောင် ကိုယ် ရေးနွေးလေးစပ်ပေးမယ်နော် ချိုးပြီး ဆေးသောက် ဟုတ်ပြီလား"
"ဟုတ်"
Taeအတွက် ရေနွေးစပ်ပေးရင်း ကိုယ်တိုင်လဲ တကိုယ်ရေ သန့်ရှင်းရေးလုပ်လိုက်သည်။
YOU ARE READING
အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }
عاطفيةအတိတ်တုန်းက မကာကွယ်နိုင်ခဲ့တဲ့ Taeကို ခုဘဝမှာတော့ ကိုယ့်အသက်နဲ့လဲပီး စောက်ရှောက်ပါ့မယ်လို့ ကိုယ့်ဘဝနဲ့ထပ်တူကတိပေးပါတယ်Tae #Jeon Jungkook ဘယ်ဘဝတွေပဲရောက်ရောက် Jeon ကိုချစ်တဲ့အချစ်တွေကို အမြဲရှင်သန်နေမယ်ဆိုတာ Taeအသက်နဲ့ထပ်တူ ကျိန်ပြောရဲပါတယ်Jeonပ #Kim...