#zawgyi
အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ လောကကြီးမှာ ကျွန်တော်ရောက်ရှိနေတော့လဲ ဖြစ်လာသမျှရင်ဆိုင်ရုံသာ
Taeအနားမှာရှိနေသမျှတော့ ကျွန်တော်ကြံ့ကြံ့ခံနိုင်မှာပါ။
၎ယောက်သား စကားတပြောပြောစကြသောက်ကြနဲ့ မိုးပင်ချုပ်လာခဲ့ပြီ
"Jeon မိုးချုပ်နေပြီလေ အိမ်မပြန်သေးဘူးလား"
စကားစမီပြောကြရင်း နဲနဲပါးပါးသောက်ထားကြတာကြောင့် ရီဝေဝေဖြစ်နေကြည်။
Tae ကတော့မသောက်နိုင်သူဖြစ်တာကြောင့် ပြောမရဆိုမရ ၃ယောက်ကို ထိုင်သာကြည့်နေမိသည်။
Jeon က Tae ကို ပေါင်ပေါ်တွင်ထိုင်စေရင်း ရင်ခွင်ထဲထည့်ကာ ဖက်ထားလေသည်။
"ဒီနေ့မပြန်ဘူး Taeနဲ့နေမယ်နော် ဟီး.."
မျက်လုံးတို့က မပွင့်တပွင့်နဲ့ လူကိုလာရီပြနေသေးတာ
"အင်းပါ ဒီပုံစံအတိုင်းဆို ပြန်လွှတ်လို့လဲ အဆင်ပြေမှမဟုတ်ဘူး "
"အင်း ဟုတ်တယ် ပြန်လွှတ်လို့ အဆင်မပြေဘူး...ဟင်း"
Jeon ရယ် မူးနေတာ ဘာလို့များခဏခဏ ရီပြနေရတာလဲ ချစ်ဖို့ကောင်းလိုက်တာ
" အင်းပါ ဒါဆိုလဲ ထ အခန်းထဲသွားအိပ်ရအောင်"
၃ယောက်သားက ခေါင်းပင်မထောင်နိုင်ကြတော့ပဲ မူးနေကြတာကြောင့် ဟိုနှစ်ယောက်ကိုတော့ Jiminရဲ့အခန်းထဲမှာ ထည့်ပေးထားလိုက်သည်။
Jeon ကိုတော့ အခန်းထဲဝင်ဖို့ရာ ခေါ်တေသည်ကို သူပြောသောစကားကြောင့် လူကထိုနေရာမှာပင် လဲသေချင်စိတ်ပေါက်သွားရသည်။
" Tae နော် အိပ်ခန်းထဲခေါ်ပြီး ဘာလုပ်မလို့လဲ
ကိုယ်မူးနေတယ်ဆိုပြီး အခွင့်ရေးယူမလို့လား။
ဒါမျို့တော့မရဘူးနော်"
ဟုဆိုကာ သူ့ရင်ဘတ်ကိုလဲ လက်နှစ်ဖက်နှင့်ယှက်ကာ ကွယ်ထားသေးသည်။
ကျွန်တော်ပုံစံက ရီရခက် ငိုရခက်ပင်
"ကဲပါ Jeon ရယ် ဘာအခွင့်အရေးမှမယူပါဘူး ဒီတိုင်း အိပ်ရအောင်ခေါ်တာ ကဲ ထပါ"
YOU ARE READING
အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }
Romantizmအတိတ်တုန်းက မကာကွယ်နိုင်ခဲ့တဲ့ Taeကို ခုဘဝမှာတော့ ကိုယ့်အသက်နဲ့လဲပီး စောက်ရှောက်ပါ့မယ်လို့ ကိုယ့်ဘဝနဲ့ထပ်တူကတိပေးပါတယ်Tae #Jeon Jungkook ဘယ်ဘဝတွေပဲရောက်ရောက် Jeon ကိုချစ်တဲ့အချစ်တွေကို အမြဲရှင်သန်နေမယ်ဆိုတာ Taeအသက်နဲ့ထပ်တူ ကျိန်ပြောရဲပါတယ်Jeonပ #Kim...