#zawgyi
ချစ်ခြင်းမေတ္တာတို့ဟူသည် မြတ်နိုးစွာဖြစ်တည်လာခဲ့တာကြောင့် Tae ကိုချစ်တဲ့ ဒီလှလုံးသားက ရာသက်ပန် တည်မြဲနေမှာပါ။
ဒီနေ့ညနေ Taeနဲ့ Dateမယ်လို့စိတ်ကူးထားတယ်။
ခုတလော အလုပ်ထဲပဲစိတ်နှစ်ထားရတော့ Tae ကို အချိန်သိပ်မပေးဖြစ်။
တစ်ရုံးတည်းအတူတူအလုပ်လုပ်နေတာတောင် မျက်နှာလေးမြင်ရဖို့ ခဲယဉ်းနေတယ်လေ။
အခုလဲ အရေးကြီးတဲ့ Project တစ်ခုအတွက် ကျွန်တော်အပါအဝင် တစ်ရုံးလုံး Overtime ဆင်းနေရခြင်းဖြစ်သည်။
လက်ကနာရီကို တစ်ချက်ငုံ့ကြည့်မိတော့ ၇နာရီ ရုံးဆင်းပေးသင့်သည့်အချိန်လဲရောက်နေပြီဆိုတော့ coat အင်္ကျီနဲ့ အိတ်ကိုဆွဲကာ ရုံးခန်းထဲကထွက်လာလိုက်သည်။
တွေ့ပါပြီ ကျွန်တော့အသဲအသက်လေး စာရင်းတွေကိုအာရုံစိုက်နေတော့ စတော်ဘယ်ရီရောင် နှုတ်ခမ်း စိုရဲရဲလေးက အရှေ့ကိုဆူထွက်နေတာ အသဲယားဖို့ကောင်းလိုက်တာလေ။
" Tae ရုံးဆင်းချိန်ရောက်ပြီ ကိုယ်တို့ ဒီနေ့ Date ရအောင်နော်"
သူမျက်ခုံးတစ်ဖက်ပင့်ပြကာ ပြောတော့ ချစ်ရသူလေးရဲ့ လေးထောင့်ဆန်ဆန်နှုတ်ခမ်းပါးတို့က နှစ်လိုဖွယ်ပြုံပြကာ
" ဟီ... ကောင်းလိုက်တာ Tae လဲ Jeon နဲ့ အေးဆေးစကားပြောချင်နေတာ ခုတလောအလုပ်တွေက အရမ်းများတာပဲ....."
ကျွန်တော့အချစ်ကလေးကတော့ ပင်ပန်းနေသည့်အတွက် နှုတ်ခမ်းလေးဆူ ညည်းတွားနေလေသည်။
" အင်းလေ အဲ့တာကြောင့် Taeလဲအနားယူရင်း ကိုယ်တို့နှစ်ယောက်အတွက်လဲ အချိန်ပေးရင်း Dateကြမယ်"
"ဟုတ် ဟုတ်"
ပြောလဲပြော သူ့အိတ်ကလေးကိုကောက်ဆွဲကာ အနောက်ကလိုက်လာလေသည်။
ဝန်ထမ်းတွေရုံးဆင်းရန်အသိပေးပြီသည်နှင့် နှစ်ယောက်သား ညဈေးတန်းရှိရာသို့ ဦးတည်လိုက်သည်။
ကျွန်တော့်လိုဆိုရင် စားသောက်ဆိုင်ကောင်းကောင်းကို ခေါ်သွားမိမှာပင် သို့သော် အသဲအသက်ကလေးက ညဈေးတန်းကို Jeon နဲ့အတူ လျောက်လည်ချင်သည်ဟု ပူဆာလာတော့လဲ သူ့ဆန္ဒအတိုင်းပဲပေါ့ဗျာ။
YOU ARE READING
အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }
Roman d'amourအတိတ်တုန်းက မကာကွယ်နိုင်ခဲ့တဲ့ Taeကို ခုဘဝမှာတော့ ကိုယ့်အသက်နဲ့လဲပီး စောက်ရှောက်ပါ့မယ်လို့ ကိုယ့်ဘဝနဲ့ထပ်တူကတိပေးပါတယ်Tae #Jeon Jungkook ဘယ်ဘဝတွေပဲရောက်ရောက် Jeon ကိုချစ်တဲ့အချစ်တွေကို အမြဲရှင်သန်နေမယ်ဆိုတာ Taeအသက်နဲ့ထပ်တူ ကျိန်ပြောရဲပါတယ်Jeonပ #Kim...