#zawgyi
နာကျင်နေရမယ်ဆိုလည်း ခင်ဗျားကိုချစ်မိလို့ နောင်တမရပါဘူး JEON
နောက်ဆုံးအချိန်ထိ လက်တွဲမဖြုတ်ပဲ ရှေ့ဆက်ကြရအောင်။Tae ဆုံးဖြတ်လိုက်ပြီ Jeon အပေါ်မှာ ပွင့်လင်းတော့မယ်။
ရင်ခုန်သံကို ညာရတဲ့အလုပ်က အခက်ခဲဆုံးမို့လား
ဒီညနေရုံးဆင်းချိန် Jeon နဲ့တွေ့ပြီး Tae လဲဝန်ခံလိုက်တော့မယ်။
အမလေး တွေးရင်းတောင် ရင်တေခုန်လာပြန်ပါပြီ။
Time skip.......
Tae တစ်ယောက် ရုံးဆင်းချိန်ရောက်လာပြီဖြစ်လို့ စိတ်တွေလှုပ်ရှားကာခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့သည်။
"Jeon ကို ငါဘယ်လိုချိန်းလိုက်ရမလဲ
Taehyung မင်းစဉ်စားစမ်း"
Tae တစ်ယောက်တော့ အဖြေပြန်ပေးဖို့ရာအတွက် ကြိုးစားပမ်းစားကို စဉ်းစားနေလေသည်။
"အာ ဟုတ်ပြီ Jeon ကျွန်တော်ပြောစရာရှိတယ် ခုအလုပ်ဆင်းရင် တွေ့ရအောင်...
ဒါလဲမဟုတ်သေးပါဘူး...
Jeon ဟိုတစ်ခါ Jeonဖွင့်ပြောထားတာလေ အဲ့ကိစ္စTae စဉ်းစားပြီပြီ..
အာ ...ဒီလိုလဲမဟုတ်သေးဘူး ...
မသိတော့ဘူးကွာ အခြေနေကြည့်ပြီးပြောလိုက်တော့မယ်"
Kim Taehyung လေးကတော့ အဖြေပြန်ပေးဖို့အတွက် လက်တွေ့လေ့ကျင့်ခန်းတွေ လုပ်ပြီး ရုံးခန်းထဲ ခပ်တည်တည်နဲ့ ဝင်လာလိုက်သည်။
"Jeon ရုံးဆင်းချိန်ရောက်ပြီ"
"အော် အင်း ဆင်းလိုက်တော့လေ Tae ပြီးတော့ ကိုယ်နဲ့စကားခဏပြောရအောင်"
*တော်ပါသေးရဲ့ ငါတောင်ပြောစရာမလိုပဲ Jeon ကတွေ့မယ်ပြောလို့ *
"Tae....Tae.. ဘာတွေတွေးနေတာလဲ သွားမယ်လေ "
ကျွန်တော် ပြောလိုက်မှ ပြာပြာသလဲလေးနဲ့ "ဟုတ်"
ဆိုကာ အနောက်ကလိုက်လာလေသည်။ဒီပေါက်စက လူကောင်လေးနဲ့မှမလိုက် အတွေးများလွန်းသည်။
.
.
.
.ကျွန်တော်တို့ နှစ်ယောက်သား COFFEE ဆိုင်လေး တစ်ဆိုင်မှာ ထိုင်ဖြစ်သည်။
YOU ARE READING
အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }
Romanceအတိတ်တုန်းက မကာကွယ်နိုင်ခဲ့တဲ့ Taeကို ခုဘဝမှာတော့ ကိုယ့်အသက်နဲ့လဲပီး စောက်ရှောက်ပါ့မယ်လို့ ကိုယ့်ဘဝနဲ့ထပ်တူကတိပေးပါတယ်Tae #Jeon Jungkook ဘယ်ဘဝတွေပဲရောက်ရောက် Jeon ကိုချစ်တဲ့အချစ်တွေကို အမြဲရှင်သန်နေမယ်ဆိုတာ Taeအသက်နဲ့ထပ်တူ ကျိန်ပြောရဲပါတယ်Jeonပ #Kim...