Part 14🐰🐯(zawgyi+unicode)

6.1K 638 46
                                    

#zawgyi

အရာရာရင်ဆိုင်ဖို့ ကိုယ့်အနားမင်းရှိနေဖို့လိုအပ်တယ် TAE

မင်းအတွက်ဆို ကိုယ်ဘာမဆိုစွန့်လွှတ်ဖို့အဆင်သင့်ပါ...

Tae ငိုနေတာ မြင်ရတော့ ကျွန်တော်ရင်ကို ဓားနဲ့အမွှန်းခံလိုက်ရသလို  တဆစ်ဆစ်နာကျင်ရသည်။

ဘယ်အရာတွေက Tae ကို ဒီလောက်ထိငိုစေတာလဲ မေးပြန်တော့လဲ ပြန်လည်ဖြေကြားခြင်းမရှိငိုမြဲသာငိုနေလေတော့

"Tae ကိုယ့်ကိုကြည့်ပါဦး"

ရင်ခွင်ထဲတွင် ရှိုက်ကာအသည်းအသန်ငိုနေရှာတဲ့ ချစ်သူအား ပါးလေးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ အသာအယာဆွဲမော့လိုက်သည်။

ငိုထားရတော့ နှာခေါင်းလေးတွေ မျက်လုံးလေးတွေက ရဲရဲနီလို့  ကျွန်တော်ချစ်ရသူက ငိုနေချိန်တောင် ချစ်စရာကောင်းမှုလေးတွေက မပျက်ကွက်ခဲ့ဘူး။

" ကိုယ့်ကို ပြောပြပါ Tae

Tae ဘာအခက်အခဲတွေ ရှိလို့ မျက်ရည်ကျတဲ့အထိ ဝမ်းနည်းနေရတာလဲဟင်

ကိုယ်က Taeရဲ့ ချစ်သူလေ Taeရဲ့ စိတ်ဆင်းရဲမှု ကောင်းမှု ဆိုးမှု မှန်သမျှ Tae နဲ့အတူမျှဝေ ခံစားချင်တယ်

ကိုယ့်ကိုပြောပါနော်"

သူစိတ်အေးအေးထားကာ နားလည်အောင်ပြောပြလေတော့   သူ့လက်ဖြင့်ကိုင်ထားသော မျက်နှာလေးကိုရုန်းကာ

" Jeon Tae ကိုပြောစရာမရှိဘူးလားဟင်"

Taehyung ဝမ်းနည်းမိတာ ထိုအကြောင်းကြောင့်ပင် Jeon က ဒီလိုအရေးကြီးတဲ့ ကိစ္စကိုသူအား အသိမပေးရခြင်းက ဘာလို့များလဲဟူသော အတွေးတို့က သူ့စိတ်ကို အမှန်ပင်ခြောက်ခြားစေသည်။

"ဘာကိုလဲ Tae ရဲ့ အခုဖြစ်နေတာ Tae လေ ကိုယ်ကဘာကိုပြောရမှာလဲ ဟင် ကလေးရဲ့"

Jeon ကမျက်ရည်တွေကို တယုတယသုတ်ပေးရင်း ဆိုသည်။

Tae ကိုလှည့်စားနေတာ မဟုတ်ဘူးမို့လား Jeon

Tae ယုံကြည်ချင်တယ် Jeon ရယ် Tae ဘဝမှာ Jeonကလွဲပြီး တခြားမရှိတာမို့ Tae အပေါ်တော့မရက်စက်ပါနဲ့နော်

မေးသော်လည်း ဘာတစ်ခွန်မှ ပြန်မဖြေပါပဲ သူ့အားကြည့်ကာ မျက်ရည်များ တသွင်သွင်စီးကျနေသော ချစ်ရသူကြောင့်
Jungkook အလွန်ပင်နာကျင်နေရသည်။

အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }Where stories live. Discover now