"အချစ် ဒီနေ့ဆိုင်မထွက်ဘူးလား.."
မနက်အိပ်ရာထတော့ အချစ်ကဆိုင်သွားဖို့မပြင်ဆင်ဘဲ
မီးဖိုချောင်မှာ ဘာတွေချက်ပြုတ်နေမှန်းမသိလို့
ဘေးနားမှာသွားမေးလိုက်သည်
ဆံပင်လေးကိုလည်းထိပ်မှာကြက်တောင်စီးထားသေးသည်
ချည်သားအကျီ င်္နဲ့ဘောင်းဘီပွပွလေးကိုဝတ်ဆင်ထားသည်"ငါက နှစ်ပတ်ကို တစ်ရက်လောက်ဆိုင်ပိတ်တတ်တယ်
ဒီနေ့ကငါ့ရဲ့နားချိန်ပဲ
မင်းလည်းသွားချင်ရာသွား ငါ့ကိုမရှုပ်နဲ့..""မသွားပါဘူး..အချစ်နဲ့အချိန်ကုန်မှာပေါ့..
ခုဘာတွေချက်နေတာလည်း ကိုယ့်အတွက်လည်းပါလား..""မပါဘူး..သူများအိမ်မှာလည်းနေသေးတယ်
ချက်လည်းကျွေးရဦးမယ်ဆိုတော့ မင်းကငါ့လင်မို့လား..""ဟုတ်တယ်လေ အချစ်ရဲ့ ကိုယ်က
အချစ်လင်ပဲဟာ..အ့.အချစ်.. "အမှန်တွေပြောတော့
ဘေးနားကအိုးဖုန်းနဲ့လှမ်းခေါက်တဲ့အချစ်
အမှန်တရားကိုလက်မခံချင်ဘူး
ပါးတို့ပြန်လာရင် အချစ်ကိုသူလာတောင်းမယ်
ပြီးရင်ခမ်းခမ်းနားနားလက်ထက်မယ်လို့တွေးထားသည်
ဒါပေမဲ့ အချစ်ကသူ့ကိုချစ်တယ်လို့မပြောသေး"အချစ် ကိုယ့်ကိုအဖြေပေးဦးလေ
အချစ်ကိုချစ်တယ်လို့ပြောထားတာ ကြာနေပြီနော်.."စားစရာတွေကိုပန်းကန်ထဲလှဲပြီး
စားပွဲပေါ်တင်နေတဲ့ အချစ်ကိုကပ်မေးလိုက်သည်"မချစ်ဘူး..မင်းကငါ့ကိုတန်ဖိုးမထားဘူး
လုပ်ချင်ရာလုပ်တာမချစ်ဘူး.."တစ်ယောက်တည်းထိုင်စားနေတဲ့သူ့အချစ် ရက်စက်လိုက်တာ
မချစ်ဘူးတဲ့လား ဒါပေမဲ့ အချစ်မျက်လုံးတွေထဲမှာ
သူ့ကိုမမုန်းဘူးဆိုတာတော့ သူသိသည်
မချစ်ရဲသေးတာဖြစ်မယ်
ရိပေါ်စိတ်ရှည်ပြီးစောင့်ရမှာပေါ့"နည်းနည်းစားမယ်နော်
အချစ်တစ်ယောက်တည်းလည်းကုန်မှာမှမဟုတ်တာ.."
YOU ARE READING
လေနှင်ရာက အချစ်ဆီသာ(complete)
Fanfictionငါ့နားထပ်ကပ်ရင် မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့် •• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိုတတ်နင်းမှာလည်း ••ရိပေါ်•• ငါ့နားထပ်ကပ်ရင်မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့်•• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိူတတ်နင်းမှာလည...