ိ"အချစ်..မောင့်ကိုချစ်လား.."
"မင်းဘာဖြစ်နေတာလည်းလို့
အလုပ်ကိုကောင်းကောင်းလုပ်စမ်းပါ.."ဆိုင်ရောက်ကတည်းက ကော်ဖီတစ်ခါသွားချပေးလိုက်
သူ့ကိုချစ်လားလာမေးလိုက်နဲ့
မောင်ကတကယ်ဘာဖြစ်နေမှန်းမသိသူလုပ်တာနဲ့ ကိုယ့်မှာ မုန့်ဖုတ်တာတောင်တူးကုန်ပြီ
တမောင်ထဲကိုမောင်နေတာ"အချစ်ကလည်းကွာ..မောင်ကကြားချင်လို့လေ..ချစ်လားလို့.."
ဆိုင်လည်းသိမ်းနေပြီမို့ လူလည်းမရှိတော့
ရိပေါ်ကအရမ်းလက်သရမ်းတာပဲ
သူ့ခါးကိုဖက်ပြီး အတင်းလိုက်မေးနေတာ"ချစ်တယ်ဆို.."
"ဒါဆိုကိုယ်တို့ရုပ်ရှင်သွားကြမယ်လေ.."
"မကြည့်ချင်ပါဘူး.တနေ့လုံးပင်ပန်းထားတာ ငါနားချင်ပြီ
မောင်ကြည့်ချင်ရင် တစ်ယောက်တည်းသွားကြည့်ပေါ့..""မောင် ကလက်မှတ်တောင်ဝယ်ထားတာ လိုက်ခဲ့ပါလား အချစ်ကြိုက်တဲ့ ကာတွန်းကားလေ.."
"ငါနားချင်ပြီ.. "
"အင်းပါဒါဆိုပြန်ကြမယ်လေ.."
ဆိုင်ထဲကထွက်ဖို့လုပ်နေတဲ့ရိပေါ်က
မျက်နှာမကောင်းဘူးသူများလွန်သွားလို့လား
တကယ်တော့ ရိပေါ်နဲ့ရုပ်ရှင်ကြည့်ရမှာကို
ဂှက်နေတယ်ပဲပြောရမလား"မောင်..သွားကြမယ်လေ..ငါလည်းလိုက်မယ် ."
အချစ်ရဲ့စကားကိုရိပေါ်ကြားလို့အနောက်ကိုလှည့်ကြည့်တော့ လက်ကလေးကိုလိမ်ပြီးပြောနေတဲ့အချစ်
ချစ်သူတွေရုပ်ရှင်ကြည့်မှာကိုအချစ်ကရှက်နေတာ
ဆိုင်ကိုသော့ခက်ခဲ့ပြီး အချစ်ရဲ့လက်ကိုဆွဲလို့
သူကြံစည်ထားတဲ့အတိုင်း ရုပ်ရှင်ရုံသို့နောက်ဆုံးတော့ အချစ်နဲ့သဘောတူညီမှုရပြီး
ရုပ်ရှင်ရုံထဲရောက်နေပြီ
အစားနဲ့ပါးစပ်မပျက်တဲ့အချစ်အတွက်
ပေါက်ပေါက်နှစ်ဗူးနဲ့ ကိုလာ
သူကတော့ အချစ်ရဲ့တမြုံမြုံဝါးနေတဲ့နှုတ်ခမ်းပါးလေးကိုပဲ
အကြည့်ရောက်နေသည်
YOU ARE READING
လေနှင်ရာက အချစ်ဆီသာ(complete)
Fanfictionငါ့နားထပ်ကပ်ရင် မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့် •• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိုတတ်နင်းမှာလည်း ••ရိပေါ်•• ငါ့နားထပ်ကပ်ရင်မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့်•• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိူတတ်နင်းမှာလည...