"ကိုကိုနော်..မဟုတ်တာတွေမပြောနဲ့ ဟင့်..မယုံဘူး အင့်."
"ကိုယ်ကလိမ်ပြောစရာလားကွာ.တကယ်ပါဆို.."
"မယုံဘူး ကိုကိုလိမ်တာ.
ကျန့်ကျန့်ကယောကျာ်းလေးလေ
ဟင့်..မယုံဘူး..."ကိုယ်ဝန်ရှိနေပြီလို့ ပြောတာ မယုံဘူးဆိုပြီး.
လုပ်နေတဲ့ကလေး.ဒီမနက်မှာ
သူဆေးရုံသွားဖို့လုပ်တော့
မီးဖိုခန်းထဲမှာကော်ဖီဖျော်နေတဲ့ကလေးက
ရုတ်တရပ်မေ့လဲသွားမို့
သူကိုယ်တိုင်ဆေးစစ်ပေးလိုက်တာ.
.ပြန်နိုးလာတော့ ကိုယ်ဝန်ရှိတယ်လို့ပြောတာကို
မယုံဘူးဆိုပြီး စောင်ကိုပါခေါင်းထိဆွဲခြုံလို့
အတင်းငြင်းနေတာ.."ကလေး မဆိုးနဲ့နော်.ကိုယ်ကလိမ်စရာလား.
.ငိုမနေနဲ့တော့ တကယ်ကြီးကလေးမှာ
ကိုယ်ဝန်ရှိနေတာ ၁ပတ်တောင်ကျော်နေပြီ..""မသိဘူး.ဟင့်.မသိဘူး.ကလေးဖေက
ဖောက်ပြန်နေတာကို..ဒီကလေးကိုမမွေးဘူးနော်
.မွေးလိုက်ရင်.အဖေမရှိဘဲဖြစ်နေမှာပေါ့ .""ကလေးကွာ.ကိုယ်ဝန်သည်တွေက ဒီတိုင်းပဲလေ
.ဘာမဟုတ်တာလေးကိုလည်း
စိတ်ဆက်ရင်ဆက်နေတာ
..ကလေးသေချာစဉ်းစားကြည့်
.ရိပေါ်ကသေချာရှင်းပြပြီးပြီလေ
ကော်ဖီစက်စင်သွားလို့ပါဆို.
ကလေးနော်.ကိုယ်ကအကြီးဖြစ်ပြီး
ဘယ်လိုဖြစ်လို့ကောက်နေတာလည်း
.အရင်ကကော်ဖီဆိုင်ပိုင်ရှင်က ဒီလိုမျိုးလား
အရာရာကို.ရင့်ကျက်နေတဲ့ကလေးက
ယောကျာ်းရပြီးမှ ဘယ်လိုဖြစ်နေတာလည်း.
ကလေးလိုလုပ်မနေနဲ့
ကိုယ်ရိပေါ်ကို.ဖုန်းဆက်လိုက်မယ်.ဒီကိုလာခဲ့ဖို့."ကိုကိုက စကားတွေအများကြီးပြောပြီး
ပြတင်းပေါက်ဘက်နားမှာ.ဖုန်းသွားပြောနေသည်
တကယ်ပဲသူကအရင်လိုရင့်ကျက်နေတဲ့သူမဟုတ်ပဲနဲ့
အရမ်းများကလေးဆန်သွားတာလား..ရှောင်းကျန့်စောင်ပုံကြီးထဲကနေ
မွေ့ရာခင်းကိုလက်နဲ့စုတ်ပြီး စဉ်းစားနေမိသည်
..အရင်ကဆို.ကိုယ်ကအကြီးပုံစံဖမ်းထားတာမလား
..ခုတော့ မောင်ကရှင်းပြတာတောင်
အမှန်မှန်းသိရဲ့နဲ့သူဆိုးနေမိတာ.
.မွေ့ရာခင်းကလက်ကလေးကို.
ဗိုက်ပေါ်အသာရွေ့တော့
အဆီတစ်နေတယ်ထင်ရတဲ့ဗိုက်ကလေး.
YOU ARE READING
လေနှင်ရာက အချစ်ဆီသာ(complete)
Fanfictionငါ့နားထပ်ကပ်ရင် မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့် •• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိုတတ်နင်းမှာလည်း ••ရိပေါ်•• ငါ့နားထပ်ကပ်ရင်မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့်•• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိူတတ်နင်းမှာလည...