"ကျန့်ကော ကျွန်တော်ရောက်ပြီနော် ဒီနေ့ပဲ
အလုပ်စဆင်းရမယ်မလား.""အေး ယွီပင်း ဒီနေ့ပဲ..ဒီကိုခဏလာပါဦး
ငါလုပ်ထားတာလေးကိုမြည်းပေးဦး ဒီနေ့ရဲ့ menuသစ်.."သူ့စားပွဲထိုးလုပ်ပေးမယ်ဆိုတာက
သူ့ရဲ့အသိထဲကကောင်လေးယွီပင်း
လိမ်မာရေးခြားလည်းရှိတာမို့ အလုပ်ခန့်ထားတာ
ခုပဲဆိုင်ထဲဝင်လာတဲ့ယွီပင်းကို သူ
့ရဲ့ကိတ်အသစ်လေးမြည်းစမ်းဖို့ခေါ်လိုက်သည်"ဘယ်လိုလည်းဟင် ကောင်းလား အရမ်းချိုသွားလား.."
သူ့နားကိုရောက်လာတဲ့ယွီပင်းကိုကိတ်ကိုမြည်းခိုင်းတော့
သေချာမြည်းပေးနဲ့သူ"ကောင်းတယ် ကျန့်ကော အရမ်းကြီးလည်းချိုမနေဘူး
အနေတော်ပဲ ကျွန်တော်တောင်ကြိုက်သွားပြီ..""တော်သေးတာပေါ့ ငါကအရမ်းများချိုသွားလားလို့.."
သူတို့နှစ်ယောက်ကိတ်သစ်ကိုမြည်းနေတုန်း
ဆိုင်ဝင်ခေါင်းလောင်းသံလေးကြားလို့ ယွီပင်းကိုပဲ
လွှတ်လိုက်သည်"အကိုလေး ဘာသုံးဆောင်မလည်း.
.ဒီနေ့ကျွန်တော်တို့ဆိုင်ကmenuသစ်လေးရောမြည်းဦးမလား.."ယွီပင်းက ဖော်ဖော်ရွေရွေလေးဆက်ဆံတဲ့အသံကြားတာမို့ ရှောင်းကျန့်စိတ်ချလက်ချပဲ နေလိမ့်တော့တယ်
"မင်းက ဘယ်သူ လည်း ဒီဆိုင်မှာဘာလာလုပ်တာလည်း.."
ဧည့်သည်ရဲ့အမေးကို ယွီပင်းနားမလည်
မျက်နှာကြီးတင်းပြီးဒေါသထွက်နေတဲ့ သူ"ဟို..ဟို.ကျွန်တော်က ဒီဆိုင်ရဲ့အလုပ်သမားသစ်ပါ
ဘာများသုံးဆောင်ချင်တာလည်း.. ""အလုပ်သမားသစ် "
"ဟုတ်ကဲ့. "
အဟက် အချစ်ကတော့ သူ့လက်ထဲကနေ
လွတ်ချင်နေတာ
သူလည်းဆိုင်မှာဝိုင်းကူနေတာကို
အလုပ်သမားသစ် ခေါ်သေးတယ်
ကောင်လေးကိုထားခဲ့ပြီး သူ့ရဲ့အချစ်ရှိမဲ့နေရာကိုသွားတော့ အနောက်ကကောင်လေးကလိုက်လာသည်
ESTÁS LEYENDO
လေနှင်ရာက အချစ်ဆီသာ(complete)
Fanficငါ့နားထပ်ကပ်ရင် မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့် •• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိုတတ်နင်းမှာလည်း ••ရိပေါ်•• ငါ့နားထပ်ကပ်ရင်မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့်•• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိူတတ်နင်းမှာလည...