ရှောင်းကျန့် ရိပေါ်ရဲ့သူငယ်ချင်းလာပို့ပေးတဲ့အကျီ င်္ကိုကြည့်တော့
အဖြူရောင်အောက်ခံကိုမှ အပေါ်ကမိုးပြာရောင် coatလေးနဲ့ ဘောင်းဘီကလည်းမိုးပြာရောင်လေးပဲ
ကြည့်လိုက်တာနဲ့ပွဲတစ်ပွဲတတ်ဖို့မှန်းသိသာသည်
ရိပေါ်ကသူ့ကိုဘာလုပ်ဖို့ပွဲတတ်ခိုင်းတာလည်း
ပြီးတော့ညဘက်ကြီး"ဒါဆိုကျိရန် ခဏစောင့်ပေးနော်
ငါရေချိုးပြီးတစ်ခါတည်းလဲလိုပ်မယ်လေ.."ရှောင်းကျန့် ကျိရန်ကိုအိမ်ရှေ့မှာထားခဲ့ပြီး
အခန်းထဲဝင်လိုက်သည်
မောင်ကသူ့ကိုကျိရန်နဲ့တစ်ခါတည်းလိုက်ခေါ်ဖို့မှာလိုက်သည်တဲ့
ရေချိုးပြီးအကျီ င်္ကိုဝတ်လိုက်သည်
ဖြူသွယ်နေတဲ့ သူ့ကိုယ်လုံးက အကျီ င်္နဲ့လိုက်ဖက်နေတာတော့တကယ်
ဆံပင်ပုံလေးကိုတော့ လှိုင်းတွန့်ပုံလေးလုပ်လိုက်တော့
ပြည့်စုံပြီထင်ပါရဲ့
သူ့ပုံစံက ကလေးမျက်နှာကိုလူကြီးပုံဖမ်းထားရသလိုမျိုး
ရိပေါ်သာသူ့လိုဝတ်ထားရင်သေချာပေါက် ခန့်ညားနေမှာ သူ့အတွေးလေးနဲ့သူပြုံးလိုက်ပြီး
အိမ်ရှေ့ကိုထွက်ခဲ့တော့
ကားတံခါးကိုအဆင်သင့်ဖွင့်ပြီးစောင့်နေတဲ့ကျိရန်"ကျိရန် ရိပေါ်ကဘယ်ပွဲကိုတတ်ဖို့ခေါ်တာလည်း.."
ဖွင့်ထားတဲ့ကားထဲကိုဝင်ပြီး ကျိရန်ကိုမေးကြည့်မိသည်
ကျိရန်အရှေ့မှာတော့
ရိပေါ်ကိုမောင်လို့မခေါ်ချင်ပါ သူရှက်သည်လေ"အဲ့ဒါတော့မပြောလိုက်ဘူး ရှောင်းကျန့်ရဲ့
ကျွန်တော်မောင်းလိုက်တော့မယ်နော်.."ပြောမပြချင်တဲ့ကျိရန်ကြောင့်ဆက်မမေးတော့ပဲ
လိုက်ခဲ့တော့သည် မိနစ်၂၀အကြာမှာရောက်ရှိလာသည့်အိမ်ကြီးက
ကြီးကျယ်ခမ်းနားလိုက်တာ
ခြံထဲမှာ စားဝိုင်းတွေကိုပိတ်ဖြူတွေနဲ့အုပ်ထားပြီး
အစားသောက်တွေ ဝိုင်မျိုးစုံနဲ့
တခြံလုံးကိုလည်းမီးသီးလေးတွေနဲ့အလှဆင်ထားသေးသည်
YOU ARE READING
လေနှင်ရာက အချစ်ဆီသာ(complete)
Fanfictionငါ့နားထပ်ကပ်ရင် မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့် •• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိုတတ်နင်းမှာလည်း ••ရိပေါ်•• ငါ့နားထပ်ကပ်ရင်မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့်•• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိူတတ်နင်းမှာလည...