ရိပေါ် အချစ်ရဲ့ဆိုင်ကိုလာတော့
ဆိုင်ပိတ်သည်ဆိုတဲ့ဆိုင်းဘုတ်လေးသာမြင်ရသည်
အမြဲတမ်းဆိုင်မြဲတဲ့သူ့ရဲ့အချစ်က
ဘာလို့ဆိုင်ပိတ်ထားတာလည်းစိတ်ပူတာကြောင့် ဒီနေ့စီးလာတဲ့ဆိုင်ကယ်ပေါ်တတ်ပြီး
အချစ်ရဲ့ အိမ်သို့မောင်းလိုက်သည်
ကျိရန်တို့စုံစမ်းပေးထားတာက
တိကျမယ်ဆိုတာသူသိတယ်
အချစ်က မိဘတွေမရှိတော့ဘဲ တစ်ယောက်တည်းရုန်းကန်နေရသည်ဆိုတော့
စိတ်မအေးနိုင် တစ်ဦးတည်းသောသားမို့ အိမ်မှာလည်းတစ်ယောက်ပဲနေထိုင်သည်တဲ့
အိမ်ရဲ့လိပ်စာပါအတိကျပေးထားတာမို့ အခက်ခဲမရှိ
ပြီးတော့အချစ်ရဲ့ နာမည်ပေါသိခဲ့ရသေးသည်ရောက်ရှိလာတဲ့အချစ်ရဲ့ အိမ်ရှေ့မှာ
ရိပေါ်ဆိုင်ကယ်ထိုးရပ်လိုက်သည်
အိမ်လေးက တစ်ထပ်အိမ်လေး
ကြီးလည်းမကြီး သေးလည်းမသေး
တစ်ယောက်ထဲအတွက်တော့ဆိုတော့
တော်တော်လေးကျယ်ဝန်းတယ် အိမ်ရှေ့မှာလည်းပန်းမျိုးစုံနဲ့*အချစ်က ပန်းစိုက်တာလည်းဝါသနာပါတာပဲလား*
ခြံတခါးလေးကဖွင့်ထားတာမို့ ရိပေါ်ဝင်သွားလိုက်သည်
အိမ်တံခါး ကိုဘဲလ်တီးတော့ လူကထွက်မလာ
သာသာလေးတွန်းကြည့်တော့ တံခါး ကစေ့ရုံလေးပဲမို့
ကိုယ့်ဘာသာပဲဝင်သွားလိုက်သည်"အချစ်...အချစ်ရေ.."
ရိပေါ်အော်ခေါ်နေတာတောင် အသံမကြားရ
အိမ်တံခါးတွေလည်းဖွင့်ထားပြီး
အချစ်ကဘယ်ရောက်နေတာလည်း
ဆိုင်ကိုလည်းမလာပဲ အချစ်တစ်ယောက်နဲ့တော့ ခက်တာပါပဲရိပေါ် ပြန်လှည့်မယ်လုပ်တုန်း အခန်းထဲက
အသံကြားလိုက်တာမို့ အမြန်ဝင်လိုက်သည်
သူခိုးများလားပေါ့ဒါပေမဲ့ အဲ့လိုမဟုတ်ဘဲ
စောင်ထဲမှာဘောလုံးလေးလိုကွေးပြီး
မျက်နှာလေးပဲပေါ်တဲ့အချစ် စားပွဲပေါ်က ပြုတ်ကျသွားသည့်အရာကဆေးဘူးလေးဖြစ်မဲ့ပုံပေါ်တယ်
أنت تقرأ
လေနှင်ရာက အချစ်ဆီသာ(complete)
أدب الهواةငါ့နားထပ်ကပ်ရင် မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့် •• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိုတတ်နင်းမှာလည်း ••ရိပေါ်•• ငါ့နားထပ်ကပ်ရင်မျက်ခွက်ကိုတက်နင်းပစ်မယ် ••ရှောင်းကျန့်•• ကိုယ့်အောက်မှာနေရမဲ့သူက ဘယ်လိူတတ်နင်းမှာလည...