Prologue

32.7K 1.5K 17
                                    

Zawgyi Ver~

တတ်နိုင်ရင် ဒီအချိန်တခဏလေးမှာတင်ပဲ သူမကမ္ဘာပေါ်ကနေ ပျောက်ကွယ်လို့ သွားချင်သည်။

တုလင်းလန်၊ သူမရဲ့ မျက်ဝန်းထောင့်နားက မျက်ရည်တွေကို သုတ်တောင် မသုတ်ခဲ့နိုင်တော့။ ချွေးတွေနဲ့ စိုနှင့်ပြီးဖြစ်နေတဲ့ သူမရဲ့ ဆံနွယ်တွေထဲကိုသာ ထိုမျက်ရည်တွေကို တစ်စက်ချင်း ကျနေစေလိုက်တော့သည်။

သူမရဲ့ ခြေထောက်တွေကြားမှာ ဖျက်စီးခံထားရတဲ့ နာကြင်မှုတစ်ခုဟာ ရှိလို့နေသည်။ ဒါဟာ အရင်က သူမရခဲ့ဖူးတဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ယှဉ်ရင်တော့ နှိုင်းယှဉ်စရာမလိုတဲ့ ပမွှားလေးတစ်ခုသာဖြစ်သည်။

သို့သော်ငြား ဒီနာကြင်မှုဟာတော့ ဘယ်လိုတောင် မိုက်မဲတဲ့အရာတွေဖြစ်ပျက်သွားခဲ့ပြီလဲဆိုတာကို သူမကို ထပ်ကာထပ်ကာ သတိပေးလို့နေသည်။

သူမ နံဘေးက အမျိုးသား သူမကို မချစ်လေဘူးဆိုတာကို သူမ ပြတ်ပြတ်သားသား သိနေခဲ့ပြီးပြီ၊ သို့သော်ငြား သူ့အခန်းတံခါးဝဆီကို စေတနာ့ဝန်ထမ်းအနေနဲ့တောင် လိုက်ပို့ပေးလိုက်မိလေရင်း လှပတဲ့အမျိုးသမီးတစ်ဦးရဲ့ အစားထိုးဘ၀တစ်ခုအနေနဲ့ ထိုသူနဲ့ တစ်ညတာကို ကုန်ဆုံးမိခဲ့သည်။

ရယ်စရာကောင်းလှသည်၊ သို့သော်ငြား သူမ ပြုံးတောင်မပြုံးနိုင်။

ပြောရရင် ပူပြင်းစွာလောင်မြိုက်နေမှုတွေရဲ့ အဆုံးသတ်မှာ သူ့ရဲ့ နှုတ်ခမ်းပါးတစ်စုံကထွက်ကျလာတဲ့ နာမည်ကတော့ တခြားအမျိုးသမီးတစ်ဦးဖြစ်လို့နေသည်။

သူမရဲ့ နှလုံးသားသည် တစ်စုံတစ်ဦးက လက်ထဲမှာ သွေးစိမ်းရှင်ရှင်ဖျစ်ညစ်ရင်း အဖက်လုပ်ဖို့တောင်မထိုက်တန်လှစွာ လေးစားမှုကင်းကင်းနဲ့ မြေပေါ်ကိုပစ်ချခံလိုက်ရသလိုမျိုး နာကြင်ပြီး သက်တောင့်သက်သာရှိလို့မနေ။

ဆယ်နှစ်ကျော်ကြာ သူမချစ်လာခဲ့သမျှ အရာရာဟာ သူမရဲ့ အစွဲအလမ်းကြီးစွာ ယုံမှားခဲ့မှုတွေအဖြစ်သာ အဆုံးသတ်သွားခဲ့တာသာဖြစ်သည်။

ပြတင်းပေါက်အပြင်ဘက်က အလင်းရောင်ဟာ ဖြေးဖြေးချင်းလင်းလို့လာပြီ။ မနေ့ညက အမူးလွန်ပြီး ရူးမိုက်စွာ သူမကို ကစားခဲ့တဲ့ အမျိုးသားဟာ အချိန်မှန်နိုးထလာတော့မယ်ဆိုတာသေချာလှလေမှန်း သူမသိနေသည်။ 

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now