Zawgyi~
အခန်း (၂)ဒီလူဟာ အရမ်းကို အေးစက်စက်နိုင်လှပြီး ခံစားချက်ကင်းမဲ့လွန်းရက်သားနဲ့ ဘာကြောင့်များ သူမကို ဒီလောက်နှစ်အကြာကြီး ချစ်နေအောင် လုပ်ထားနိုင်ရတာပါလဲ?
ဒီမေးခွန်းကို သူမကိုသူမ တစ်ခါထက်မနည်းတွေးတောဖူးသည်။ သို့သော်ငြား အမြဲတမ်းအဖြေကိုရှာမတွေ့…
ကြည့်ရတာ သူမ အဖြေကို ရှာချင်ပုံတောင်မပေါ်ခဲ့ပုံပင်။
သို့သော်ငြား ဒီတစ်ခေါက်မှာတော့ လုံဟူဘယ်မှာဆိုတာကို သိရပြီးနောက်ပိုင်း သူဟာ တကယ့်ကို လှည့်ထွက်မသွားခဲ့လေဘူး။ ခံစားချက်ကင်းမဲ့နေပြီး စူးရှလှတဲ့ မှင်နက်ရောင် မျက်လုံးတစ်စုံဟာ သူမကိုယ်ပေါ်ကိုသာ ကျရောက်လာခဲ့သည်။
တုလင်းလန် မတွေးတတ်လောက်အောင်ကိုပင် မလုံမလဲဖြစ်လာတော့သည်။
သူ မနေ့ညက အရမ်းကို မူးနေခဲ့တာပင်။ သူနဲ့အတူ အိပ်ခဲ့တာ လုံဟူ မဟုတ်ပဲ ဒီအရှက်မရှိတဲ့ မိန်းမဆိုတာကိုတောင် သူလုံးဝ သိတာမဟုတ်လေဘူး။
သူမကိုယ်သူမ မလုံမလဲဖြစ်နေခြင်းကြောင့်ပင် သာမန်ထက်ပိုပြီး တည့်မတ်စွာ ရပ်နေမိတော့သည်။ သူမအရမ်းပင်ပန်းပြီး သေချာမရပ်နိုင်တာကို သူ တွေ့သွားတာမျိုး သူမ မဖြစ်စေချင်… သူမလည်တိုင်က hickey တွေကို လည်ထောင်ဆွယ်တာနဲ့ သေချာဖုံးထားပြီးခဲ့ပြီ။ ပါးနပ်လွန်းလှတဲ့ ဟန်လော့ထင်း လိုလူမျိုးတောင်မှ သူမရဲ့ လျှို့ဝှက်ချက်ကို သိနိုင်မှာမဟုတ်လေဘူး။
ဟုတ်သည်! ဒါဟာ သူမရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ပါပဲ။ ဒါကိုသူမ ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်သလို အသိခံမှာလည်း မဟုတ်။
သူမ အပေါ်ရှိလာမည့် သူ့သံသယတွေကို ဘယ်လို ဖြေဖျောက်လို့ရမယ်မှန်း သူမကောင်းကောင်းသိသည်။ သူ့အတွက်ကတော့ သူမဟာ လုံဟူကို ထောက်လှမ်းပေးရမယ့် သူ့ဘက်သား သူလျှိုတစ်ယောက်သာပင်။ လုံဟူနဲ့ ပတ်သတ်သမျှ သူကောင်းကောင်း သိနေခြင်းအကုန်လုံးဟာ သူမကြောင့်သာဖြစ်သည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...