Zawgyi~
အခန်း (၈)
သူမလေးသည် သူမအပေါ် အမြဲလိုလို ညီမတစ်ယောက်လိုတွေးပေးသည်၊ သူမရင်ထဲ ဘာတွေရှိနေတယ်ဆိုတာကို ပြောပြပေးသည်၊ သူမကိုလည်း နှစ်နှစ်ကာကာ ယုံကြည်ပေးသူဖြစ်သည်။ ဒီလို အံမခန်းလှသည့် မိန်းကလေးကို သူမ ဘယ်မှာ သွားရှာနိုင်ပါ့မလဲ? ဖြစ်နိုင်ချေလုံးဝ မရှိမှန်း သေချာလှလေတော့သည်။
"ကောင်းလိုက်တာ!!"
လုံဟူသည် ပျော်ရွှင်စွာဖြင့် လက်တွေကိုမြှောက်လိုက်ရင်း တုလင်းလန်၏ လက်မောင်းတွေကြား ခိုဝင်လာသည်။
"လင်းလန်က အကောင်းဆုံးပဲဆိုတာ ငါသိတာပေါ့!!! ငါ့ကို အမြဲကြောက်စရာ မျက်နှာကြီးနဲ့ ခြိမ်းခြောက်နေတဲ့ လော့ထင်းနဲ့ကို မတူတာ..."
သူမ၏ နှာခေါင်းသေးသေးလေးကို ရှုံ့ရင်း မကျေမချမ်း ဆိုလိုက်သေးသည်။"ခေါင်းဆောင်က မမလေးကို စိုးရိမ်ရုံလေးပါ..."
သူမ နှလုံးသားထဲက ခါးသီးမှုကို ချိုးနှိမ်ရင်း တုလင်းလန်သည် ဟန်လော့ထင်းကို ညင်သာစွာပင် ကာကွယ်ပေးလိုက်သေးသည်။"ဘာတွေ စိုးရိမ်စရာရှိနေလို့လဲ? ငါ အသက်၂၀ထဲရောက်နေပြီ... သူများလက်မောင်းထဲမှာ ချီပိုးသွားနေရမယ့် အရုပ်မလေးမဟုတ်တော့ဘူး... ဒါနဲ့များ ဘာတွေစိုးရိမ်စရာရှိနေဦးမှာလဲ? ..."
သူမနံဘေးတွင် အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လို ပြုမူနေသည့် လုံဟူကို တုလင်းလန်ခေါင်းပုတ်ပေးလိုက်ရင်း စလိုက်သည်။
"မမလေး ၅ကို သူများတွေ လှည့်စားသွားမှာကို စိုးရိမ်တာလေ... မမလေး ၅လို သဘောကောင်းတဲ့ မိန်းကလေးကို လင်းလန်သာ ယောကျာ်းလေးဆိုရင် ကြိုက်မိမှာပဲ... မနေနိုင်ပဲ မမလေးကို ပြန်ပေးဆွဲပြီး ထွက်ပြေးသွားမိမှာ..."
တကယ်ကိုပင် လုံဟူကို ဘယ်သူမှ မကြိုက်ပဲမနေနိုင်။"နင်လဲ သူတို့နဲ့တူတူပဲ... ငါ့ကို အခုထိ မရင့်ကျက်သေးတဲ့ ကလေးလေးလို့ အမြဲထင်နေတာ မဟုတ်လား? နင်သိလား... ငါက အခုဆို ပထမတန်းစား ဆေးတက္ကသိုလ်က ကျောင်းသူတောင်ဖြစ်နေပြီ... နောက်ထပ်နှစ်နည်းနည်းကြာရင် ဆရာဝန်ကြီးတောင် ဖြစ်လာတော့မှာ!!!"
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...