Zawgyi~
အခန်း (၁၅)
"ဒီနေ့? ရှောင်ဟူ မင်္ဂလာဆောင်ရင်တောင် မလာတော့ဖို့ စီစဉ်နေတာလား? ..."
"အဲ့ဒီနေ့ကျရင်လာခဲ့ပါ့မယ်... ကိစ္စတွေကို နည်းနည်းစောစောလည်း ပြီးအောင်လုပ်ထားချင်လို့ပါ..."
သူမ ဒီနေရာမှာ ထပ်ပြီး ကြာကြာ မနေချင်/မနေနိုင်တော့... ဟန်လော့ထင်း၏ အာရုံတို့သည် အရမ်းကို စူးရှလှသည်... နောက်ထပ် တစ်ရက်သာ သူမ ဆက်နေမိလျှင် သူမ လန့်ပြီး နောက်ထပ်နောက်ထပ်နေဖို့ ချောင်ပိတ်မိတော့မှာပင်...
"မင်းသွားတော့မှာကို လော့ထင်းသိလား? ..."
ထိုအမျိုးသား၏ နာမည်ကို နားထဲကြားလိုက်ရချိန်တွင် တုလင်းလန် မွန်းကြပ်စွာ အသက်ရှူလိုက်မိသည်... "လင်းလန်နှုတ်ထွက်ရင် အကိုလေး၃ကိုပဲ အကြောင်းကြားရမယ်လို့ထင်ထားတာ..."
"ဒါတော့ ဒါပေါ့... ဒါပေမယ့် မင်းသူ့ကို တစ်ခုခုပြောသင့်တယ်လို့ရော မထင်ဘူးလား? ... ငါ မှန်တယ်မလား လော့ထင်း? ..."
သူမ ခေါင်းကို တုန်လှုပ်စွာပင်မော့လိုက်မိချိန်တွင် ဘယ်အချိန်ထဲက စာဖတ်ခန်းထဲရောက်နေမှန်းမသိသည့် အရပ်ရှည်ရှည်အမျိုးသားကို တွေ့လိုက်ရသည်... တကယ်က သူသည် စိတ်ငြိမ်ဆေး၏ အစွမ်းဖြင့် ဆေးရုံ၏ အိပ်ယာပေါ်တွင် လှဲနေရမှာဖြစ်သည်... သူ ဒီနေရာမှာ မရှိသင့်ပေ...
သူ့မျက်နှာကိုသာ သူမ ကြည့်ချင်စိတ်ဖြစ်မိလျှင် သူ့နှဖူးပေါ်တွင် တစ်စက်ချင်းကျကာ ရွှဲစိုနေသည့် ချွေးတို့ကို သူမ အလွယ်တကူမြင်နိုင်မည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲက စိတ်ငြိမ်ဆေး၏ အာနိသင်ကို သူတွန်းလှန်နေတာဖြစ်ပြီး သူမ နောက်ကို လိုက်လာဖို့ ဆေးရုံမှနေ သူ့ကိုယ်သူ အားတင်းကာ ထခဲ့တာဖြစ်သည်။ မိနစ်ဝက်လောက်ပင် သူမကို မတွေ့လိုက်ရတော့မှာမျိုး သူအဖြစ်မခံနိုင်။
တုလင်းလန်ကတော့ သူ၏ ထူးဆန်းနေမှုကို မတွေ့...သူမ၏ ပုံမှန် မျက်နှာထားကိုသာ အတင်းအကြပ်လုပ်ယူရင်း ခေါင်းဆက်ငုံ့ထားလေကာ တလေးတစားလေသံဖြင့် ဆိုလိုက်သည်။
"ခေါင်းဆောင်... လင်းလန် နှုတ်ထွက်ဖို့ ဒီကိုလာခဲ့တာပါ... ကျေးဇူးပြုပြီး လင်းလန်ကို ထွက်သွားခွင့်ပြုပါ..."
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...