Zawgyi~
အခန်း (၁၇)
သူမ ဗိုက်ထဲက ကလေးငယ်သည် သူ့ကလေးပင်... သူက ထိုကလေး၏ ဖခင်ဖြစ်သည်!!! ပြီးတော့ သူမ ပြောခဲ့သည်က ကလေး၏ အဖေကို သူမ ချစ်သည်... ချစ်လွန်း၍ အသက်ပင် စွန့်လွှတ်နိုင်သည်တဲ့...
ဒီ့အတွက် ထောင်သောင်းမကသည့်အကြိမ်များစွာ သူဖမ်းပြီး သတ်ပစ်ချင်လှသည့် ထိုအသုံးမကျသည့် ကောင်သည် သူကိုယ်တိုင်ပင်။
တစ်ခါမှ မရှိဖူးခဲ့သည့် ပီတိအဟုန်က သူ့ကို ရူးမတတ်ဖြစ်သွားစေသည်... ပျော်ရွှင်မှုသည် သူ့ရင်ဘတ်တွင် ပြည့်နှက်၍နေပြီး ပြင်းထန်စွာ ခုန်ပေါက်၍နေသည်... ထိုပြင်းထန်လှသည့် စိတ်ခံစားကို သူ ထိန်းမနိုင်လုနီးပါးပင်ဖြစ်လို့လာသည်။
ကလေး... သူတို့၏ ကလေး။
သူ၏ အရာရာ၊ အချစ်အားလုံးအပါအ၀င်၊ သူ့ဘ၀တစ်ခုလုံးဖြင့် သူမနှင့် သူတို့နှစ်ဦး၏ ကလေးငယ်ကို စောင့်ရှောက်မည်။
သူမနှင့် ကလေးအတွက် အေးချမ်းလုံခြုံသည့် နိဗ္ဗာန်အဖြစ် သူတည်ရှိပေးမည်...
အန္တရာယ်နှင့် စိတ်ညစ်စရာအားလုံးကို သူရပ်တန့်ပေးမည်... သူတို့အား အလုံးစုံ စိတ်အေးချမ်းလုံခြုံသည့် ပတ်ဝန်းကျင် နေထိုင်မှုကို ရှိစေမည်။
သို့သော် တစ်ချိန်ထဲမှာပင် သူ ဒေါသထွက်လာရသည်။ သူ့ကလေးကို သူမ လွယ်ထားပြီး သူ့ဆီမှ ဖုံးကွယ်ထားရင်း သူမကို သူလွှတ်ပေးလိုက်လုနီးပါးဖြစ်အောင် အလုပ်ခံရသည်ကို တွေးမိလိုက်သည်နှင့် သူ တိတ်ဆိတ်ပြီး တည်တည်ငြိမ်ငြိမ် မနေနိုင်တော့...
ဟန်လော့ထင်း မျက်နှာပေါ်က ရှုပ်ထွေးလှသည့် အမူအရာပေါင်းစုံက တုလင်းလန် သူဘာတွေတွေးနေသလဲဆိုတာကို မခွဲခြားနိုင်အောင်ဖြစ်စေသည်... ဒါသည် ပျော်နေသည်လား ဒါမှမဟုတ် ဒေါသထွက်နေသည်လား? ပိုကောင်းသည့် ထင်မြင်ချက်မရှိသည့် အဆုံးတွင်တော့ သူမ လက်ကို ရုန်းလိုက်ရင်း သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကနေ ပြန်ကာ ရုတ်ယူလိုက်သည်။
"လင်းလန် နားမလည်ဘူး ခေါင်းဆောင်ဟန်... လင်းလန် အရိပ်သက်တော်စောင့် ဖြစ်ဖို့ မသင့်တော်တော့ပါဘူး..."
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...