Zawgyi~
အခန်း (၃၀)
ဒါတွေအကုန် သူလုပ်ပေးစရာမလိုပေ။ သူမ မျက်လုံးထဲတွင်တော့ သူသည်အင်အားကြီးမားသည့် နတ်ဘုရားတစ်ပါးပင်။
သို့သော် သူမတို့နှစ်ဦးကြားက အကွာအဝေးလေးသည်အချိန်တိုအတွင်းမှာပင် နီးကပ်လာသလိုခံစားရသည့်အတွက် သူမ ပျော်လှသည်။ နောက်ဆုံးမှာတော့ သူမသည် သူ့ကျောပြင်ကိုသာ ငေးကြည့်ပြီး သူ့အကြောင်းစဉ်းစားနေရသည့် ကိစ္စမျိုးမလိုအပ်တော့ပေ။
အနည်းငယ်ဆိုးသည့်အရာတစ်ခုကတော့ တုလင်းလန်၏ ဗိုက်သည် ပိုပို၍သာ ကြီးထွားလာခြင်းဖြစ်သည်။ ဟန်လော့ထင်းပုံစံမှာ ကမ္ဘာ အကာကွယ်တတ်ဆုံး အဖေတစ်ယောက်၏ ဟန်ပန်ဖြစ်လို့နေသည်။ သူမ မျက်မှောင်ကျုံ့သည်ဖြစ်စေ၊ သက်ပြင်းအသာချမိလိုက်သည်ဖြစ်စေ သူ ချက်ချင်းကို တုန်လှုပ်သွားတတ်တာဖြစ်သည်။ သူ ချက်ချင်းခုန်ထလာပြီး သူမကို ဆရာဝန်ဆီ ပွေ့ခေါ်သွားတတ်သည်။
အကြိမ်အနည်းငယ်ကြုံတွေ့ရပြီးနောက်တွင် ဆေးခန်းမှ ဆရာဝန်နှင့် နာ့စ်တို့သည် သူတို့ကိုမြင်လျှင် စာရင်းတောင်မသွင်းတော့ပေ။ သူမတို့ကို ဆရာဝန်စောင့်ကြည့်ခန်းထဲသို့သာ တန်းလွှတ်ပေးပြီး ကုသစေတော့သည်။
ထိုကဲ့သို့ အပြင်လောကတွင် ဆိုးရွားစွာပြုမူသည်မှတပါး သူမ အခုတော့ အရမ်းကိုပျော်ရွှင်နေရတာဖြစ်သည်။
"ကိုယ့်ကို ဒီမှာစောင့်နေ... စွပ်ပြုတ်ပူပူလေး ယူလာပေးမယ်..." ဟန်လော့ထင်း သူမကို ဆိုဖာပေါ်တွင်ချထားပြီး မီးဖိုခန်းထဲမှ စွပ်ပြုတ်တစ်ပန်းကန်ကို ယူလာကာ အပြင်ပြန်ထွက်လာသည်။ သူမ ပူသွားမှာကိုစိုးသည့်အတွက် တစ်ဇွန်းပြီး တစ်ဇွန်းသာ ခွံ့တိုက်၍နေသည်။
တုလင်းလန် အနည်းငယ်ရှက်နေသေးသော်ငြား သူမ နှုတ်ဖျားကိုရောက်လာသည့် စွတ်ပြုတ်ကိုတော့ ပါးစပ်အပြည့် တစ်လုပ်ပြီး တစ်လုပ်သောက်လိုက်ပါသေးသည်။ သူ ဆားထည့်ဖို့မေ့နေသော်ငြား သူမကတော့ ဒီစွတ်ပြုတ်ကို ကမ္ဘာပေါ်တွင် အရသာ အရှိဆုံးစွတ်ပြုတ်ဟူ၍ ထင်နေပြီဖြစ်သည်။ ဒီလိုမျိုးအတွေးသည် ချစ်သူတွေ၏ အမြင်တွင်ဖြစ်လေ့ဖြစ်ထရှိသည့် အတွေးပင် ဖြစ်လိမ့်မည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...