Zawgyi~
အခန်း (၃၈)
"ရတနာလေးက သူ့ရဲ့ အနာဂတ်ခင်ပွန်းကိုပဲနမ်းရမှာ... ပါပါးက မာမားရဲ့ ခင်ပွန်းဆိုတော့... ပါပါးကပဲ မာမားရဲ့ နှုတ်ခမ်းကို နမ်းလို့ရမှာ... နားလည်ပြီနော်?"
သူမ ခင်ပွန်းသင်ပေးနေသည့် သူတို့သမီးလေးကို ပြောနေတာကို သူမ နားထောင်နေမိသည်။ သူမ ရုတ်ချည်းဆိုသလိုပင် မယုံနိုင်ဖြစ်လာတော့သည်။ သူမ ယောကျာ်းက သူမတို့ သမီးလေးကို တကယ်ပဲ မနာလိုဖြစ်နေတာပဲ!!!! ဘယ်သူများ ယုံနိုင်ပါတော့မလဲ?
ကလေးလေးက သူမ၏ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားလိုက်တော့သည်။ အဖြေနှင့်ပတ်သတ်၍ မကျေနပ်နေဟန်က သိသာလွန်းနေသည်။
မတတ်နိုင်လှစွာပင် တုလင်းလန် ကလေးလေး၏ မျက်လုံးတွေပေါ်ကို အနမ်းတစ်ချက်ပေးလိုက်သည်။ "ရတနာလေးရဲ့ မျက်လုံးတွေကိုတော့ မာမား နမ်းလို့ရလို့ အဆင်ပိုပြေတယ်..." သူမ ချိုသာစွာပြောလိုက်ရင်း ခေါင်းကို နောက်တစ်ကြိမ် မော့လိုက်ကာ စကားထပ်ပြောချင်နေသေးဟန်ပေါ်သည့် အမျိုးသားကိုကြည့်လိုက်ပြီး ထိုအမျိုးသား၏ နှုတ်ခမ်းပေါ်သို့ နူးညံ့လှသည့် အနမ်းဖွဖွကို ပေးလိုက်ရင်း နှစ်သိမ့်သည်။ "ကလေးက ၃နှစ်ပဲရှိသေးတယ်..." သူ့ကိုသူမ ၃၀ရာခိုင်နှုန်းသော ရယ်ချင်စိတ်၊ ၇၀ ရာခိုင်နှုန်းသော မတတ်နိုင်သည့် စိတ်တို့ဖြင့် ကြည့်လိုက်တော့သည်။
ဟန်လော့ထင်း နှာခေါင်းရှုံ့လိုက်သည်မှာ ဒီကိစ္စက မထူးခြားသလိုပင်။
ကလေးလေးက တစ်ယောက်ထဲမအိပ်ရဲသေးသည့်အတွက် သူတို့ ချစ်ပွဲဝင်ချင်ကြသည့်အချိန်တိုင်းတွင် ကလေးလေး အိပ်ပျော်သွားမှသာ တိတ်တဆိတ်ပြုမူနိုင်သည်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အနည်းငယ်စိတ်မရှည်မှုနှင့် မကျေနပ်မှုက တဖြေးဖြေး မြင့်တက်လာသည်ကို သူ သည်းခံလာရသည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ ရတနာလေး အမှီခိုကင်းကင်းနေနိုင်မည့်အချိန်ကို သူ စကာ တွန်းအားပေးချင်လာပြီဖြစ်သည်။
ရတနာလေးကတော့ သူမ၏ ဖေဖေ စိတ်အခြေအနေမကောင်းနေသည်ကို မသိလေပဲ သူမ မိခင်၏ အာရုံစိုက်မှုကိုသာ ရယူရန်ကြိုးစားနေပြီး ထိုအခါမှသာ သူမ၏ ဖေဖေသည် သူမ မေမေ၏ ထားပစ်ခြင်းကို ခံရလိမ့်မည်ဟူ၍ စနောက်လိုစိတ်သာရှိနေသည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...