Part 2(Z+U)

107 15 4
                                    

Zawgyi

ပျိုကြည့်ခိုင်းတဲ့ ဇာတ်ကားက မဆိုးပါဘူး ငါကပဲ သူပြောတဲ့စကားတွေကို အမြဲကြားနေရလို့များလား တော်ပါပီး ဂစ်တာတီးတာပဲကောင်းပါတယ် မတီးတာကြာပြီး ဖြစ်တဲ့ အခန်းထောင့်နားက ဂစ်တာကို ကောက်ကိုင်လိုက်ပြီး ကြိုးညှိလိုက်တော့သည်။တစ်ယောက်တည်းဖြစ်နေတဲ့ သူရဲ့ဘဝတွက် ဂစ်တာတီးပြီး သီချင်းဆိုခြင်းက စိတ်ထွက်ပေါက်တစ်ခုသာ

🎶🎶🎶🎶
"ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးငယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်
ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့ သီချင်းတွေလည်း
ရင်တွေကွဲသွားအောင် ဆိုနေဦးမယ်
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ်
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားစဉ်
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ်
နာကျင်စွာ တစ်ယောက်တည်း..
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ
အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတဲ့အိမ်မက်ရှည်တွေနဲ့
အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ် ငါ့ရဲ့ အကြောင်းတွေ
ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်
နေညိုညိုလမ်းလေးထက် နေ့စဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်" 🎶🎶🎶

ဆိုနေရင်း ရင်ဘတ်ကအောင့်လာသောကြောင့် ဆက်မဆိုနိုင်တော့ပါ သီချင်းထဲမှာလို သူ့အတွက်က ပြန်စရာစောင့်မျှော်နေတဲ့ မိသားစုအိမ် မရှိတော့ နာကျင်ရပါများလာတော့ ထုံကျင်ပြီး ငိုဖို့မျက်ရည်တောင် မရှိတော့ပြီ။ ဆက်ဆိုချင်စိတ်မရှိတော့တဲ့အတွက် ဂစ်တာကိုပြန်ထားလိုက်ပြီး အိပ်စက်ဖို့ကြိုးစားလိုက်တော့သည်။လူတစ်ယောက်ရဲ့ ခံစားချက်ဟာ မျက်လုံးနဲ့ မျက်နှာမှာပေါ်နေတယ်ဆို ကျွန်တော့ရဲ့ ခံစားချက်တေကို သူများမသိအောင် နေရမှာပါပဲ ကျွန်တော့ဘဝရပ်တည်ဖို့အတွက် ကျွန်တော့ရဲ့ မာနလေးပဲ အထောက်အကူပြုပေးနိုင်လိမ့်မည်။သူတစ်ပါးသနားတာလက်မခံနိုင်ပါ ဒါကြောင့်လည်း ကျွန်တော့မှာ ပျိုတစ်ယောက်ပဲ ပေါင်းစရာရှိခဲ့တာပေါ့ ပျိုကတော့ ကျွန်တော့ကို ဘယ်လိုသည်းခံလိုက် မပြောတတ် ထားပါလေ မနက်က မေဂျာချိန်ပဲ အိပ်မှရမှာပါလေ။

အကန့်အသတ်မရှိသော (အကန့်အသတ်မရှိသော )Where stories live. Discover now