Part 8(Z+U)

52 10 2
                                    

Zawgyi

"သျှင် မင်းအင်္ကျီတွေ စိုနေတုန်းလား လဲမလား တော်ကြာ ဖျားနေမယ်"
"မစိုတော့ပါဘူး
ကော်ဖီက အမြဲသောက်လို့ကောင်းတယ် ဒါနဲ့လေ ထင်"
"ဟင် ဘာလည်း ပြောလေ"
"နှစ်ဆန်းတစ်ရက်နေ့ကျရင် ရွှေတိဂုံသွားကြရင်ကောင်းမလားလို့ တီတီကိုပါခေါ်ပြီးတော့လေ"
"ကောင်းပါတယ် ကုသိုလ်ရတာပေါ့"
"မင်းလည်း လိုက်ခဲ့လေ ဇီဝိတဒါနငါးတို့ငှက်တို့လည်း လွှတ်ကြတာပေါ့"
"အင်း"
"ဟုတ်ပြီး စကားမစပ်  မင်းမွေးနေ့က ဘယ်တော့လည်း"
"June 12ဆို ၁၉ ပြည့်မှာ ဘာလို့လည်း"
"တိုက်ဆိုင်လိုက်တာ မင်းနဲ့ငါ မွေးနေ့ချင်းတူတယ် ဒါမဲ့ငါက ၁၈ပြည့်မှာ မင်းကတစ်နှစ်တောင် ကြီးတာပေါ့ ကျောင်းတက်တာနောက်ကျလို့လား"
"အင်း ဆိုပါတော့"
"ထင် မင်းက အရင်ထဲက စကားနည်းတာလား ဒါမှမဟုတ် ငါတို့ကို သိပ်မခင်လို့လား"
"အဲလိုမဟုတ်ပါဘူး ဒီတိုင်း"
မင်းကိုခင်ရုံမက ချစ်ပါချစ်နေတာဆိုတာတော့ မပြောဖြစ်လိုက်
"အင်းပါ ထားတော့ ငါပြန်တော့မယ် နှစ်ဆန်းတစ်ရက်နေ့မနက်ကျ ၇ နာရီလောက်လာခေါ်မယ်
တစ်ခုတော့ မှတ်ထားထင် မင်းစိတ်ထဲက အကြောင်းတွေကို အမြဲမျိုသိပ်စရာမလိုဘူး ပျိုကိုပြောလို့မရတဲ့အကြောင်းဆို ငါ့ကိုပြောလို့ရတယ်"

ခေါင်းကဆံပင်ကိုဖွပြီး ပြောတဲ့မင်းကို ငါ့ရင်ထဲကစကားတွေကို မမျိုသိပ်နိုင်လို့ ဖွင့်ပြောလာမယ့်နေ့ကျရင်လည်း မင်းဒီလိုပဲပြောပါစေလို့ ငါမျှော်လင့်တယ် မောင်
အရင်ထဲက ခေါ်ချင်နေတဲ့ သက်ဆိုင်သူမသိနိုင်မဲ့ နာမ်စားလေးပေါ့
သူသိပါစေလို့ မရည်ရွယ်ဘူး ရတဲ့အချိန်ခနလေးမှာ သူနဲ့အတူ လုပ်လို့ရတဲ့အမှတ်တရလေးတွေကို တတ်နိုင်သလောက် လုပ်ပြီး ရင်ထဲမှာ တစ်သက်လုံးသိမ်းထားမှာ

သူရိန်သျှင် POV's

ကိုယ့်ကိုလည်း ဘာကြောင့်မှန်းသေချာမသိ ထင့်ကိုမြင်ရင် ကလေးတစ်ယောက်လို ဂရုစိုက်ပေးချင်တယ် သူရဲ့ မှိုင်တွေနေတဲ့ မျက်နှာလေးကို ပျော်ရွှင်လာအောင် လုပ်ပေးချင်မိတယ်
အခု သူကကိုယ့်ထက် အသက်ကြီးတယ်ဆိုတာ သိတာတောင် ဒီခံစားချက်တွေက ပြောင်းလဲမသွားခဲ့။
သူ့ကိုတွေ့ရင် ရင်ခုန်သံတွေကအစ ပုံမှန်မဟုတ်ချင် မေနဲ့တောင်မတူ သူ့ကိုဆို ကာကွယ်ပေးချင်မိတယ် ယောက်ျားလေးတစ်ယောက်ဆိုတာ သိနေရဲ့တောင်မှပေါ့
တော်ပါပြီး မတွေးတာပဲကောင်းပါတယ်ကွာ

အကန့်အသတ်မရှိသော (အကန့်အသတ်မရှိသော )Where stories live. Discover now