Part 11(Z+U)

118 8 2
                                    

Zawgyi

ပျိုနဲ့စကားပြောပြီး ပြန်လာတော့ စိတ်ထဲမှာ ခွန်အားရလာတော့ အသေအချာပါပဲ ဒါမဲ့ ဘယ်က ဘယ်လိုစရမလည်းဆိုတာ ကျွန်တော့ခေါင်းထဲ အစီအစဉ်မရှိ
ဒါကိုလည်း ပျိုက သူ့တာဝန်ထားလို့ပြောပေမဲ့လည်း ကိုယ်ကိုယ်တိုင်က ကာယကံရှင်လေ အဲ့တော့ ကြိုးစားအားထုတ်မှုတော့ရှိရမှာပေါ့

မနက်ဖြန်ကျောင်းဖွင့်တာနဲ့ ကျွန်တော်သူ့ကိုလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ။ကျွန်တော်လည်းယောက်ျားလေး သူလည်းယောက်ျားလေးဆိုတော့ မူနေစရာအကြောင်းလည်းမရှိဘူး ကိုယ့်ဘက်ကကြိုက်တဲ့လူကို လိုက်ဖို့အခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်

ဒါမဲ့ အငြင်းလည်းခံရနိုင်တာမို့ စိတ်ကို အတတ်နိုင်ဆုံးပြင်ဆင်ထားရမယ် မျှော်လင့်ထားတဲ့အရာတွေဟာ ဖြစ်မလာခဲ့ရင် နာကျင်ရသူက ကိုယ်ကိုယ်တိုင်ပဲဖြစ်တာမို့ အကောင်းရော အဆိုးရောကို လက်ခံနိုင်ဖို့ သတ္တိလည်း မွေးထားရမယ်

Time skip

သူရစက်ကန် နေမင်းကြီးရဲ့ရောင်ခြည်ဟာ အခန်းပြတင်းပေါက်ကို ဖြတ်သန်းပြီး လင်းရောင်ထင်ရဲ့ မျက်နှာကို ထိတွေ့လာသောအခါ အိပ်စက်နေရာမှ နိုးထလာခဲ့သည်။

နေ့စဉ်ဒူဝကိစ္စများကို လုပ်ဆောင်ပြီးနောက် ယခင်နေ့များနဲ့မတူပဲ ရွှင်လန်းစွာနဲ့ ကျောင်းသို့လာခဲ့လိုက်သည်။

ကျောင်းသို့ရောက်တော့ ပျိုတို့တောင် မရောက်သေးဘူးဗျ
ကျွန်တော်တအားတွေများ ဝိရိယအားကောင်းသွားသလား အချစ်က လူတိုင်းကိုပြောင်းလဲစေနိုင်တာ အမှန်ပါပဲ ကျွန်တော့်လို ကျောင်းလာတာအမြဲနောက်ကျတဲ့လူတောင် အခုလိုစောရောက်နေတာသာ ကြည့်တော့လေ

အတွေးယဉ်ကြောထဲ တစ်ယောက်တည်းမြောနေတုန်း ကြားရပါပြီးဗျာ ပျိုရဲ့အသံကို

"အမယ် အမယ် အချစ်ရဲ့ စွမ်းအားက သိပ်ကြောက်ဖို့ကောင်းပါလားနော် အမြဲအတန်းထဲကို ခွေးလို ကုတ်ချောင်းပြီးတော့ ဝင်တဲ့လူက အခု ကျောင်းကိုအစောကြီး ရောက်နေပါလားနော်"

"ပျိုနော် နင်လည်းလေ မိန်းကလေးတဲ့ ပါးစပ်ကလည်း ကြမ်းလိုက်တာဟယ် နောက်ပြီး မလှောင်နဲ့ဟာ ငါ ငါဘက်မှာ နင်ပဲရှိတာကို"

အကန့်အသတ်မရှိသော (အကန့်အသတ်မရှိသော )Место, где живут истории. Откройте их для себя