Part 5(Z+U)

61 9 5
                                    

Zawgyi

ကျောင်းသင်္ကြန်ကနေ အိမ်သို့ပြန်ရောက်သောအခါ တစ်ကိုယ်လုံးစိုရွှဲနေတော့သည်။ပခုံးပေါ်က ဂျာကင်အင်္ကျီလေးကတော့ သူ့စေ့စပ်ပွဲသွားတဲ့နေ့မှ ပြန်ပေးလိုက်တော့မယ်လေ
ကျွန်တော့ဘဝကလေ အမြဲတမ်း မေတ္တာတရားပက်သက်ရင် ကံမကောင်းတာ ငယ်ငယ်တည်းကစပြီး အခုထိပါပဲလေ

ကျွန်တော့ရဲ့စိတ်တွေ သူ့အပေါ်ပုံမှန်မဟုတ်တာကို စပြီးသတိထားမိတာ ပျိုနဲ့သုံးယောက်တူတူ မြို့ထဲသွားတဲ့နေ့တည်းကဆိုပါတော့
နောက်ပိုင်းလည်း ကျွန်တော့ရဲ့ခံစားချက်တွေကို ဆန်းစစ်ပြီးသတိနဲ့နေပေမဲ့လေ သူ့ရဲ့ဂရုစိုက်မှုတွေကြောင့် ကျွန်တော့နှလုံးသား စတင်အသက်ဝင်လာခဲ့တာ အမှန်ပါ
သို့သော် ဟက် ရယ်ရတယ်ဗျ ကံတရားကြောင့်ပဲပြောရမလား ကျွန်တော့ရဲ့ဘဝဝဋ်ကြွေးကြောင့်ပဲပြောရမလား ကျွန်တော့နှလုံးသားထဲက အဖြေကို စသိတဲ့နေ့မှာ ကြားလိုက်ရတဲ့သတင်းက သူကမေနဲ့လူကြီးချင်းသဘောတူထားပြီး မကြာခင်အချိန်အတွင်း စေ့စပ်မယ်တဲ့ဗျာ ရယ်စရာမကောင်းဘူးလား ဒီလိုပါပဲလေ ရင်နာစရာတွေများတော့ မငိုချင်တော့ဘူး ရယ်ပဲရယ်နေလိုက်တော့သည်။အစတည်းက ပိုင်ဆိုင်ရဖို့မမျှော်လင့်ရဲခဲ့သလို သူသိစေဖို့လည်းမရည်ရွယ်ခဲ့ သို့သော်လည်း လူ့စိတ်ဆိုသည်မှာလည်း အခက်သားလားနော်
ရပါတယ်လေ ကျွန်တော့လိုလူအတွက် အမှတ်တရတွေရှိနေရင် အဆင်ပြေပါတယ် ဒီတော့ သူပေးဖူးတဲ့ဂရုစိုက်မှုတွေကို ပြန်တွေးပြီး ကျွန်တော်နေရမှာပေါ့

Flash back start

မြို့ထဲသို့လျောက်လည်ပြီးနောက်တွင် အရင်ကထက်ကို ရင်နှီးသွားတာတော့ အမှန်ပါ သူကလည်း ကျွန်တော့ကို ညီလေးတစ်ယောက်လို ဂရုစိုက်သလို ကျွန်တော်ကတော့ ကျွန်တော့စိတ်ထဲက မရိုးမသားဖြစ်နေခြင်းကြောင့် မလုံမလဲပေါ့
ဖြစ်ချင်တော့ လည်ပြီး နှစ်ရက်မြောက်နေ့တွင် နေပူမိပြီး ကျွန်တော်အပြင်းဖျားလေတော့သည်။ဒီလိုဖြစ်ခြင်းက ကျွန်တော့အတွက်မထူးဆန်းပါ အိမ်မှာရှိတဲ့အစာတစ်ခုခုစားပြီး အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသောက်ပြီး စောင်ခြုံအိပ်တာပေါ့
ထိုစဉ်

အကန့်အသတ်မရှိသော (အကန့်အသတ်မရှိသော )Tempat cerita menjadi hidup. Temukan sekarang