Part 7(Z+U)

46 9 3
                                    

Zawgyi

စေ့စပ်ပွဲကပြန်လာပြီးနောက် အရာရာကတော့ ပုံမှန်လည်ပတ်နေဆဲပါ ကျွန်တော့နှလုံးသားအပါအဝင်ပေါ့ မချစ်ပါနဲ့လို့ အကြိမ်ကြိမ်သတိပေးနေပေမဲ့ နှလုံးသားက လက်မခံဘူးလေ အချစ်ဆိုတာ ချစ်နေဖို့ပဲလို့ပြောကြတယ် ကျွန်တော်ကတော့လေ တစ်ခါလောက်တော့ အတ္တကြီးကြီးနဲ့ ပိုင်ဆိုင်ရအောင် ကြိုးစားချင်မိတယ် ဘာလို့လည်းဆိုတော့ ရှင်းပါတယ် ကျွန်တော့ဘဝမှာ ချစ်ခြင်းမေတ္တာနဲ့ပက်သက်ပြီး မပိုင်ဆိုင်ဘူးလို့ပေါ့ဗျာ ဒီတော့ တစ်ချို့လူတွေပြောကြသလို ကိုယ်တစ်ယောက်တည်းချစ်နေဖို့ကအဓိကလား ကိုယ့်အချစ်အတွက် ပိုင်ဆိုင်ဖို့ကြိုးစားတာကအဓိကလား သိချင်ပါရဲ့
ဘာလိုလိုနဲ့နက်ဖြန်ဆို သင်္ကြန်ကျပြီးပဲ

(A/N- ဒီအပိုင်းမှာပြောပြချင်တာကလေ အခုဖြစ်နေတဲ့လက်ရှိအချိန်နဲ့မဆိုင်ပါဘူးနော် တို့ရဲ့စိတ်ကူးယဉ်သက်သက် အချိန်တစ်ခုကို ဖန်တီးပြီးရေးတာပါ)

သင်္ကြန်လား မလည်ဖြစ်တာ ငါးနှစ်ရှိပြီး အတိအကျဆို ကျွန်တော့တစ်ယောက်တည်းနေထဲကဆိုပါတော့ တူတူလည်ပေးမယ်လို့ပြောတဲ့ ပျိုကလည်း ကျောင်းပိတ်ချိန်မို့ သူ့မြို့ကိုပြန်သွားတော့ သေချာတာက မလည်ဖြစ်ပြန်ဘူးပေါ့

သင်္ကြန်အကြိုနေ့ ကျွန်တော့အတွက်ကတော့ သာမာန်နေ့တစ်နေ့ပါပဲ အိပ်ရာကနိုးတော့ ပုံမှန်လုပ်နေကြအတိုင်း သွားတိုက်မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဆာလောင်နေသော ဗိုက်ကိုဖြည့်ဖို့အရေး ရေခဲသေတ္တာထဲက အသင့်သောက်နွားနို့ဘူးနဲ့ ပေါင်မုန့်ထုပ်ကို ထုတ်လိုက်သည်။

တစ်ယောက်တည်းနေသူအဖို့တော့ မနက်စာက ပေါင်မုန့်နဲ့နွားနို့က အာဟာရလည်းဖြစ် ဗိုက်လည်းပြည့်ပေါ့
ထိုအချိန်

Ring📲📲
screen ပေါ်က မှတ်ထားတဲ့နာမည်လေးကိုကြည့်ပြီး အံသြမှုနဲ့တစ်ပြိုင်တည်း ကြည်နှုးမှုကလည်း လိုက်ပါလာပါတယ်

"ဟယ်လို"
"ထင် သင်္ကြန်ဘာအစီအစဉ်ရှိလည်း"
"မရှိပါဘူး ဘာလို့မေးတာလည်း"
"ဟုတ်ပြီး ဒါဆို အကြတ်နေ့ကျရင် ငါတို့သင်္ကြန်လည်ကြမယ် လိုက်မလား မဟုတ်ဘူး လိုက်ခဲ့"
"ငါတို့ဆိုတာက ဘယ်သူတွေလည်း"
"မေရယ် သန့်ရယ် ငါရယ်လေ ပြီးတော့ မေ့သူငယ်ချင်းတစ်ယောက်ပါမယ် လိုက်ခဲ့ပါကွာ နော်"
"ဟုတ်ပြီးလေ ဘယ်အချိန်သွားမှာလည်း ငါဘယ်မှာစောင့်ရမလည်း"
"မနက်ကိုးနာရီလောက်ထွက်ကြမယ် ငါတို့လာခေါ်မယ် ရောက်ရင် ဖုန်းဆက်မယ် အိုခေ"
"အင်း ဒါဆို ဒါပဲနော်"

အကန့်အသတ်မရှိသော (အကန့်အသတ်မရှိသော )Место, где живут истории. Откройте их для себя