Part 6(Z+U)

46 11 3
                                    

Zawgyi

ကျောင်းသင်္ကြန်ပြီးတော့ ကျွန်တော့တို့ကျောင်းရဲ့ထုံးစံအရ ကျောင်းပိတ်ပြီးပေါ့ဗျာ ကျွန်တော့ရဲ့စိတ်ကို ပြင်ဆင်ဖို့ အချိန်ရတယ်လို့ တွေးနေပေမယ့် တကယ်တမ်း ကြုံတွေ့ရတော့ ချစ်နေရတဲ့သူအဖို့ အဆင်မပြေလှပေ
အဓိကက တွေ့ချင်စိတ်ပေါ့
ပြီးခဲ့သော သုံးလတာကာလအတွင်း သူ့မျက်နှာလေးကို သေချာမကြည့်ပဲ ဂရုမစိုက်မိတဲ့အချိန်တွေကို နှမျောတသဖြစ်မိတာပေါ့ အမှန်ပါပဲ

ဒါမဲ့ အဖြစ်မှန်ကိုတော့ လက်မခံလို့မဖြစ်ဘူးလေနော် ပုံမှန်မဟုတ်သော အချစ်တစ်ခုပေါက်ဖွားလာတဲ့ ကျွန်တော့စိတ်ကသာ အဓိကပြသနာပေါ့ဗျာ သို့ပေသည် ချစ်တဲ့စိတ်ဆိုတာလည်း အခက်သားလား မဖြစ်နိုင်တဲ့ relationship တစ်ခုအတွက် ကျွန်တော်စိတ်ကူးတွေယဉ်မိနေသည်။

ဒီလိုပါပဲ ကျွန်တော့ရဲ့တစ်နေ့တာ လုပ်ငန်းစဉ်ကတော့ အိပ်ရာကထလိုက်တာနဲ့ သူ့မျက်နှာလေးကို တွေ့ချင်တယ် သူဖုန်းဆက်မလားဆိုပြီး မျော်တယ် တစ်ခါတစ်လေ ပျိုနဲ့ဖုန်းပြောတယ် ပျိုနဲ့ဖုန်းပြောရတဲ့နေ့ကတော့ ကျွန်တော့အတွက် နည်းနည်းလေးအဆင်ပြေတယ် ပျိုကရယ်စရာတွေပြောပြီး ကျွန်တော်ကို ဂရုစိုက်ဖို့ပြောတတ်တယ် ဒီလောက်ပါပဲ

နောက်သုံးရက်လောက်ဆို သူစေ့စပ်ပွဲကို သွားရတော့မည်
လူအများရှေ့မျက်နှာမပျက်ရအောင်တော့ ဟန်ဆောင်မျက်နှာဖုံးတပ်ရမှာပေါ့
ဒါကလည်း ခက်ခဲတာတော့ မဟုတ်ပါဘူး ဟက် ရင်ထဲက ခံစားချက်တွေကို ထုတ်မပြတတ်တဲ့ကျွန်တော်က အမြဲတမ်း မျက်နှာဖုံးနဲ့နေခဲ့တာပဲလေ

ထိုစဉ်
Ring📲📲

ဘုရားရေ သူဆက်တယ် ဪ ဟုတ်သားလား သူ့စေ့စပ်ပွဲမေ့နေမှာစိုးတယ် ထင်တယ်
"ဟဲလို"
"ဟဲလို ထင် မင်းဖုန်းကိုင်တာကလည်း ကြာလိုက်တာကွာ ဘာတွေလုပ်နေတာလည်း"
"ငါဖုန်းနဲ့တခြားစီ ဖြစ်နေလို့ ဖုန်းဆက်တာ ဘာပြောစရာရှိလို့လည်း" တွေ့လား ကျွန်တော်ကောင်းကောင်းလိမ်တတ်ပါတယ်

"ကျောင်းပိတ်လိုက်တော့ ငါတို့တွေ မတွေ့တာလည်းကြာပြီး ပြီးတော့ မင်းဆီလည်း ငါအလုပ်တွေရှုပ်နေတာနဲ့ ဖုန်းမဆက်ဖြစ်ဘူးလေ ဒီနေ့အားလို့ ဖုန်းဆက်ရင်း အပြင်သွားကြမလားလို့ မေးမလို့"

အကန့်အသတ်မရှိသော (အကန့်အသတ်မရှိသော )Where stories live. Discover now