Chapter-1[Zawgyi]

3.6K 249 8
                                    

နေအလင်းရောင် နွေးနွေးသည် ကြည်လင်
နေသော မှန်သားပြင်ကိုကျော်ဖြတ်ကာ
အခန်းတွင်းသို့ ဝင်ရောက်လာသည်။

ညမှောင်မိုက်ကို အစိုးရသွားခဲ့သော
မိုးစက်တို့သည်လည်း မနက်ခင်းသစ်တွင်
လွင့်ပြယ်သွားခဲ့သည်။

သို့သော် မိုးငွေ့ကျန်နေသော လေထုက
ခန်းဆီလိုက်ကာစများကို ရစ်ပတ်ဆော့ကစားရင်း အခန်းတွင်းသို့ ထိုးဖောက်လာသည်။

မိုးလေစိမ့်စိမ့်ကြောင့် ချမ်းတက်လာသော
Adam ခါးအောက်တွင်ရောက်နေသော စောင်အားဆွဲမကာ မိမိကိုယ်ပေါ်လွှမ်းခြုံရန်
ကြိုးစားလိုက်သည်။
သို့သော် တစ်စုံတစ်ခု၏ ခပ်တင်းတင်းပြန်
ဆွဲထားမှုက Adamရဲ့ စောင်ယူမည့် အရေးကိုတော်လှန်နေဟန်။

လေးလံနေသော မျက်ခွံတို့အား လိုက်လျော
စွာပင် Adam မျက်လုံးဖွင့်ကြည့်ရန် မကြိုးစားဘဲ စောင်ကိုသာဆွဲယူနေမိသည်။

အားပါပါနှင့်ဆွဲချလိုက်တော့ စောင်ကမိမိ
လက်တွင်းပါလာသည်။
သို့သော် ပါလာသည်က စောင်တစ်ခုထဲမဟုတ်။
ခပ်လေးလေးအရာတစ်ခုကို မိမိကိုယ်ပေါ်
ထပ်၍ကျလာသည်။
ထို့နောက် မိမိအောက်ပိုင်းနှင့် လာပွတ်ဆွဲမိ
နေသော ခပ်မာမာအရာတစ်ခု။

Adam ဖြတ်ခနဲဆိုသလို မျက်လုံးပွင့်လာခဲ့သည်။အထိအတွေ့က ထိတ်လန့်ဖွယ်ဖြစ်နေ၍ ခေါင်းထဲ ရုတ်ချည်း အသံများ
ဆူညံလာသည်။
ထိုအခါ မျက်လုံးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည်က နီမြန်းမြန်း အဖုလေးများ။

Adam မျက်လုံးနှင့် အလွန်မှနီးကပ်နေသော
ထိုအဖုများကို Adam မှင်သက်ကာ စိုက်ကြည့်နေရင်းမှ...

"အား...!!"

Adam သွေးပျက်စွာပင် ပြားချပ်ချပ်ရင်သား
များပေါ်မှ ထိုအဖုများကို တွန်းထုတ်လိုက်မိသည်။
ထိုအခါ ကုတင်ပေါ်မှ ဒလိန့်ခေါက်ကွေး
ကျသွားပါသော ထိုလူသား။

"ခင်ဗျား!..အား..ကျွတ်ကျွတ်"

အက်ရှ်..
ဖင်ထိုင်လျက်သား ပြုတ်ကျသွား၍
မထနိုင်ဘဲ ကြမ်းပြင်ပေါ်တွင် ဖင်ပွတ်ရင်း
ထိုင်နေမိသည်။

"အား...!မင်း..ဘာမှမပါဘူး!!"

စောင်ကို အဒမ်က ဆွဲယူထားခဲ့သည်ဖြစ်၍
မည်သည့်အကာအကွယ်မှ မပါဘဲ
ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသော
အက်ရှ်ကိုကြည့်ရင်း အဒမ်နောက်တစ်ကြိမ်
အော်မိတော့သည်။

AshAdam:Two Buddies in TownWhere stories live. Discover now