Chapter-33[Unicode]

816 141 28
                                    

ကြယ်စင်ဆုလာဘ်။

ထို​ခေတ် ၊ ထိုအခါက ဆေး(၁)လို့ ပြောလိုက်တာနဲ့ မိဘတိုင်းရဲ့မျက်လုံးအရောင်က
ဖြိုးဖြိုးဖျက်ဖျက်တောက်ပလို့လာတတ်သည်။ ဘယ်သူ့ သမီးက ဆရာဝန်လေ၊
ဘယ်သူ့သားက ဆေး(၁)မှာ တက်နေတာ
ဟူ၍ မိဘများအကြား ဂုဏ်ပြိုင်လို့ကောင်းတဲ့နေရာ။ ဒီတက္ကသိုလ်မှာတက်နေတယ်ဆိုရုံနဲ့တင် ဘယ်နေရာရောက်ရောက် ခေါင်းမော့ ၊ ရင်ကော့ပြီး လျှောက်သွားလို့ရတဲ့ ဂုဏ်ပကာသနကိုပိုင်ဆိုင်ခွင့်ရတာဆိုတော့
အကုန်လုံးက အလုအယက်ပဲပေါ့။

အဲ့လိုနေရာကမှ ထွန်းတောက်နေတဲ့ ကြယ်စင်တစ်ပါး။ ကြယ်စင်ဆုလာဘ်လို့ပြောလိုက်တာနဲ့ ထိုတက္ကသိုလ်တွင် မသိသူမရှိတဲ့
အလှအပဂေးလေးတစ်​​ယောက်။
ထိုအလှလေးရဲ့ကျော်ဇောမှုကလည်း
ပန်းသတင်းလေညင်းဆောင်သလို ထိုတက္ကသိုလ်၌တင်သာမကဘဲ အနားကပ်ရပ်
ဖြစ်တဲ့ ပညာရေးကောလိပ် ၊ တစ်ပြနှစ်ပြ
လောက်လျှောက်ရင်ရောက်တဲ့ ရန်ကုန်တက္ကသိုလ် ပြီးတော့ အဒမ်ရှိတဲ့ ရန်ကုန်
နိုင်ငံခြားဘာသာတက္ကသိုလ်အထိ ပျံ့နှံ့စေလျက်။

ကြယ်စင်ဆုလာဘ်သည် ထိုသို့သော မိန်းကလေးတစ်ယောက်ဖြစ်ခဲ့သည်။
လှသလောက် အလှဂုဏ်မောက်နေတဲ့
မိန်းမစားလေးလို့ ပြောရင်လည်း မမှား။
ပျော့အိအိ ဆံနွယ်ရှည်လေးများကို ဝဲကာနှင့် တင်ပါးလေးလွှဲပြီးထိုင်လိုက်လျှင်ပဲ
ပုရိသအများစု၏ မျက်လုံးများက ကြယ်စင်ဆုလာဘ်ဆီမှာသာ စုပြုံကုန်ကြ၏။

ထိုကဲ့သို့ ဆုတောင်းကောင်းအောင် လှရက်
လွန်းသည့် ကြယ်စင်ဆုလာဘ်သည်
အက်ရှ်နှင့် အဒမ်ကြားက တမြေ့မြေ့တောက်
လောင်နေတဲ့မီးကို လောင်စာထည့်၍ လေပါပင့်ပေးလိုက်သူတစ်ဦး ဖြစ်ခြင်းမလှ ဖြစ်လာခဲ့ရာဝယ်....

____________♥AshAdam♥___________

အဒမ် ထိုကောင်မလေးကို သတိထားမိသည်မှာ နှစ်ရက်သုံးရက်လောက်ရှိပြီ။ သတိထားမိဆို အဲ့ကောင်မလေးက ကျောင်းရှေ့မှာ
လာလာရပ်စောင့်နေတာကိုး။

အဲ့ဒါနဲ့မပြီးသေး ၊ သူမက အဒမ့်နောက်ကို
တကောက်ကောက်လိုက်လာတတ်သေးသည်။အဒမ်က ကျောင်းဆင်းချိန်တိုင်း အင်းလျားကန်ဖက်လမ်းလျှောက်ကာ
သူငယ်ချင်းများနဲ့ စားသောက်ဆိုင်ဖြစ်ဖြစ်
ထိုင်ရင်း အချိန်ဖြုန်းတတ်သည်။
Shootingမရှိတဲ့နေ့များဆို တစ်ယောက်တည်းနေရတာ အထီးကျန်တာလည်းပါသည်။

AshAdam:Two Buddies in TownWhere stories live. Discover now