Chapter-20[Unicode]

1K 166 35
                                    

ဒါကဘာလဲ? ငါကဘာလို့ဒီလို လှုပ်တောင်
မလှုပ်နိုင်ဘဲ သူပြုသမျှနုနေရတာလဲ?!

နဂိုကတည်းက sharkအစွမ်းနှင့် စိုစွတ်ချိူမြနေပြီဖြစ်သည့် အဒမ့်နှုတ်ခမ်းသားတို့သည်
အက်ရှ်၏စုပ်ယူနမ်းရှိုက်ခြင်းအောက်တွင်
ပို၍ပင် စိုစွတ်လာခဲ့သည်။
ထိုအခါမှ ရုတ်တရက်သတိဝင်လာသော
အဒမ်...
အက်ရှ်၏ ရင်ဘတ်အား အလန့်တကြားဆောင့်တွန်းပစ်လိုက်လေရာ..

"အာ့!"

မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့်
အက်ရှ်ခုခံချိန်မရလိုက်ဘဲ ကြမ်းပြင်ပေါ်သို့
အရှိန်ဖြင့်ပစ်လဲကျသွားလေသည်။
ထိုအခိုက်ဝယ် ဘယ်လက်က ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနှင့်နောက်ပြန်ထောက်မိသွားပြန်သည်။

"မင်း...!"

ဒါကို သတိမထားမိသော အဒမ်က ရှက်စိတ်ရော ဒေါသထွက်စိတ်ပါမွှန်ထူနေပြီဖြစ်၍
အက်ရှ်မျက်နှာကိုပင် တည့်တည့်မကြည့်တော့ဘဲ...

"ငါ့ကို..ဘာလို့ ဒီလိုတွေလုပ်နေတာလဲ?
မင်းမျက်လုံးထဲမှာ ငါက မင်းနောက်ချင်တိုင်းနောက်လို့ရတဲ့ ခပ်ပေါပေါကောင်လို့
ထင်နေတာလား!? "

အဒမ် အထင်လွဲသွားပြီကို သိလိုက်သော
အက်ရှ်..တဆစ်ဆစ်ကိုက်ခဲနေသော လက်ကောက်ဝတ်ကိုပင် ဂရုမစိုက်နိုင်တော့
အကုန်းအရုန်းထကာ..

"မဟုတ်ဘူး..အစ်ကို..အဲ့လို မဟုတ်..."

"ထားလိုက်တော့...မင်း...သွားလိုက်တော့!"

အဒမ်က အက်ရှ်ကို ကြည့်ပင်မကြည့်တော့ဘဲ
နှင်ထုတ်နေပြီဖြစ်၍..
အက်ရှ်လည်း အခုနေသူဘာပြောပြော
အဒမ်နားမထောင်နိုင်လောက်မှန်း တွက်ဆမိ၍ ဒီအတိုင်းပဲ ပြန်ထွက်လာခဲ့မိသည်။

သို့သော်...
နောက်ပြန်လိုက်ကြည့်လိုက်ချိန်တွင်တော့..
အဒမ့်မျက်ဝန်းထဲတွင် မျက်ရည်ကြည်စများ
တစွန်းတစတွေ့လိုက်ရသလားလို့...?

အက်ရှ်အထင်မှားခြင်းပဲ ဖြစ်ပါလိမ့်မယ်..။
အဒမ် စိတ်ဆိုးသွား၍သာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်..။တရိပ်ရိပ်ရဲတက်လာနေသော
အဒမ့်ရဲ့ နှာခေါင်းထိပ်လေးက သက်သေပဲ
မဟုတ်ပါလား။

AshAdam:Two Buddies in TownWhere stories live. Discover now