"အဒမ် !"
ပုခုံးကိုလက်နဲ့လာပုတ်လိုက်တာကြောင့်
အဒမ် အနည်းငယ်တုန်သွားကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။"မင်းပုံက ဖြူဖျော့နေတာပဲ ၊ အဆင်ပြေရဲ့လား"
စိုးရိမ်တကြီးမေးနေတဲ့ ပြုံးရှင်ကို အဒမ်ခေါင်းသာညိမ့်ပြလိုက်သည်။
"အင်း...ခဏ မိန်းလိုက်ဦးမယ် ၊ ရောက်ရင်နှိုးလိုက်"
ညကဒဏ်တွေနဲ့ လူက တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ အက်ရှ်ကိုလဲ အပြစ်သွားတင်လို့မရ။ မိမိကိုယ်တိုင်က ခွင့်ပြုခဲ့တဲ့ ကိစ္စဖြစ်နေတော့။
"ဘာဖြစ်လို့လဲ...? ခေါင်းပြန်ကိုက်လာလို့လား"
မဟုတ်ဘူး ၊ ဖင်နာနေလို့။
"ဗိုက်အောင့်နေလို့..."
အဒမ် မျက်လုံးကိုမှိတ်ထားရင်းမှ ဖြေလိုက်သည်။ တကယ်လဲ ဗိုက်ကထိုး၍အောင့်နေတာ မနက်ကတည်းကပင်။
ညကသွေးပါထွက်ခဲ့တာဆိုတော့...
ထိုဒဏ်ကြောင့်များလား။ ဒီလိုကိစ္စမျိုးက
ဆေးခန်းသွားပြလို့လဲ မရနဲ့ ခက်နေပါပြီ။အဒမ်က ဘာမှသေချာမပြောဘဲ သက်ပြင်းသာ ဆက်တိုက်ချနေသည်မို့ ပြုံးရှင်လဲစိတ်ပူရုံမှတစ်ပါး အခြားမတတ်နိုင်ဖြစ်နေသည်။
အဒမ့်ပုံက အတော်ကိုနွမ်းလျကာ သွေးမရှိသလို ဖြူဆုတ်ဆုတ်ဖြစ်နေသည်။အရင်က ခေါင်းခဏခဏကိုက်တတ်သော်လည်း အချိန်စာရင်းများတိုက်နေ၍
ဆေးမစစ်ခဲ့ရ။ တော်ကြာ အာရုံကြောရောဂါ
တစ်ခုခုဝင်သွားမည်ကို စိတ်ပူနေရသည်။
အအိပ်ဆတ်တဲ့ အဒမ်တစ်ယောက် ပြုံးရှင်၏
သက်ပြင်းမောချသံကိုပင် မကြားနိုင်လောက်အောင် မျက်လုံးကိုသာ တင်းတင်းမှိတ်ထားရင်း နာကျင်မှုကို ကြိတ်ခံနေသည့်ပုံ။
နဖူးတွင်ချွေးများစို့လာသည်အထိ ဘယ်လောက်တောင် ပြင်းထန်တဲ့ဝေဒနါကို
ခံစားနေရပါလိမ့်။မနေ့ကအထိ အကောင်းကြီးရယ်ပါ။
ဒီအတိုင်းဆို မဖြစ်တော့ဘူး ၊ Medical check upသွားလုပ်မှကိုဖြစ်တော့မယ်။
ရောဂါဆိုတာ မွေးထားလို့ကောင်းတဲ့ သတ္တဝါမဟုတ်။သို့နှင့်...နှစ်နာရီလောက်ကားစီးလိုက်ရပြီးနောက် ရန်ကုန်က အဒမ်နေထိုင်ရာ အိမ်ရာဆီသို့ ဆိုက်ရောက်သွားခဲ့တော့သည်။
ပြုံးရှင်က အဒမ့်ကိုလှုပ်နှိုးလိုက်တော့
မိန်းနေရာမှ ဆတ်ခနဲနိုးထလာကာ ယိုင်နဲ့နဲ့နှင့် ဓာတ်လှေကားပေါ်တက်သွားသည်။
ပြုံးရှင်ကတော့ အထုတ်တွေသယ်ကာ
အနောက်မှ လိုက်လာခဲ့သည်။ အပေါ်ရောက်တော့လဲ သူ့ခန္ဓာကိုယ်ကိုတောင် မနိုင့်တနိုင်သယ်ပြီး အိမ်တံခါးဖွင့်ဝင်သွားတာ။
YOU ARE READING
AshAdam:Two Buddies in Town
RomantizmA story about two close friends who are supposed to become main lead roles in one BL series. [Requesting: This is totally owncreation story. Please, don't make it wrong. Do not put this into Translation List.] #Boy×Boy #Owncreation #Cover_by_AkariX...