Chapter-21[Zawgyi]

422 128 11
                                    

ဒီနေ့ အဒမ်ရိုက်ကွင်းကိုစောရောက်နေသည်။
ပြုံးရှင်ကိုမစောင့်ရုံတင်မက ဒါရိုက်ဘာကိုပါ မလာခိုင်းဘဲ မိမိကိုယ်တိုင်ကားမောင်းကာ
ထွက်လာခြင်းပင်။
ခေါင်းရှင်းချင်တာရော တလောကမှဝယ်ထားသည့် အသစ်စက်စက်ကားလေးကို စမ်းမောင်းကြည့်ချင်တာရောကြောင့် ဒါရိုက်ဘာကိုပင် ခွင့်ပေးလိုက်သည်။

အဓိက,က အပေါ်ကအကြောင်းပြချက်များသာ ဒီတိုင်းဟန်ပြသာဖြစ်ကာ မနေ့ကိစ္စကြောင့် အက်ရှ်နှင့်မတွေ့ချင်သည်က အဓိက
အကြောင်းအရင်းဖြစ်သည်။
တစ်ယောက်တည်းစောရောက်နေသည်မို့
Settingပြင်ဆင်နေသော ဝန်ထမ်းများနှင့်
ရိုက်ကွင်းတာဝန်ခံသာရောက်သေးသည်။
မိမိတစ်ယောက်တည်းဖြစ်နေသည်မို့
အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်နေသည်။ ထို့ကြောင့်ဖုန်းသာထုတ်သုံးနေလိုက်သည်။

သို့နှင့်...မဆော့ဖြစ်တာ ကြာပြီဖြစ်သော ဂိမ်းကိုဆော့ဖြစ်နေရင်းမှ အချိန်အတော်လင့်သွားသည်ကိုပင် သတိမထားမိလိုက်။

"အစ်ကို..."

မိမိရှေ့တွင် ခြေစုံလာရပ်ပါသောလူထံမှခေါ်သံကြောင့် အဒမ်ဆော့နေသည့်ဂိမ်းအား
ရပ်ကာ မော့ကြည့်လိုက်မိသည်။
မမော့ကြည့်ခင် ၊ အသံကြားလိုက်ကတည်းက အက်ရှ်မှန်းသိသော်လည်း
အခုတလော မြင်ချင်ရာမြင် ၊ ကြားချင်ရာကြားနေမိသော မိမိကိုယ်မိမိ မယုံကြည်မှုကြောင့် မော့ကြည့်မိလိုက်ခြင်းပင်။

အက်ရှ်မှန်းအတည်ပြုပြီးသည်နှင့် အဒမ်
မျက်နှာကို တင်းသထက်တင်းအောင်
ဖန်တီးယူပြီး..

"ဘာလဲ?"

"ဟို..ကျွန်တော်... ညက ကိစ္စ.."

အက်ရှ် ဆက်မပြောခင် အဒမ် ဝုန်းခနဲထရပ်လိုက်ပြီး...

"ဒီမှာ..စိုင်းညှို့နောင်..မင်းတစ်ခု အထင်မှားနေမှာစိုးလို့ သေသေချာချာပြောပြထားမယ်။
ငါက မင်းရဲ့စီနီယာ။ မင်းပြောသလို အလုပ်ကို professionalကျကျလုပ်ပေးစေချင်တယ်။ မင်းနဲ့ငါက ဘယ်တုန်းကမှ သူငယ်ချင်းမဖြစ်ခဲ့ဘူး။ သူငယ်ချင်းတွေ
လည်ပင်းဖက်ပေါင်းရအောင်ထိ ရင်းနှီးနေတာမဟုတ်တဲ့အတွက် အပြုအမူတွေကို
ဆင်ခြင်စေချင်တယ်။ ပြီးတော့ မနေ့ညက
ကိစ္စကိုလဲ ဒီတိုင်း ဇာတ်ညွှန်းလေ့ကျင့်တယ်လို့ သဘောထားမယ်။
ဒါငါ့ဆီက နှစ်ခါမရနိုင်တဲ့ ပထမဆုံးနဲ့
နောက်ဆုံးအခွင့်အရေးပဲ!"

AshAdam:Two Buddies in TownWhere stories live. Discover now