မှောင်မဲနေတဲ့အခန်းလေးတခန်းထဲမှာစာကြည့်မီးလေးသာဖွင့်ထားတဲ့အတွက်မြင်ရရုံမျှသာလင်းနေပါတယ်၊၊စာကြည့်စားပွဲရဲ့မီးရောင်အောက်မှာနေ့တိုင်းတူညီတဲ့စာအုပ်လေးတအုပ်ကိုဖတ်ပြီးငိုနေတဲ့ကောင်မလေးတယောက်သူမကတော့.......
×××××××××××××××××××
ဒီနေ့ကတော့ကျနော်.....ကျောင်းကိုစပြောင်းတဲ့နေ့ပေါ့ ကျနော်ကျောင်းပေါက်ဝမှာရပ်ပြီး ကျောင်းအလှကိုကြည့်နေမိတယ် ကျနော်တို့မိသားစုက နေရာအတည်တကျ မရှိဘူး Appa အလုပ်တာဝန်ကျတဲ့နေရာတွေကိုလိုက်နေရတယ် အခု Appa မရှိတော့တဲ့နောက် Omma နဲ့အတူ Seoul မြို့မှာအခြေချဖြစ်ခဲ့တယ် Appa မရှိတဲ့နောက်မှာကျနော်တို့စီးပွားရေးကအရင်ကလောက်မပြေလည်တော့ပါဘူး Omma ကစားဝတ်နေရေးအတွက်ပင်မင်းဆိုင်လေးတဆိုင်ဖွင့်ထားတယ်၊၊Omma ကိုကူညီချင်လို့ကျောင်းဆက်မတက်ဖို့လုပ်ပေမယ့်ommaကကျနော့်ကိုdoctorတယောက်ဖြစ်စေချင်ခဲ့တယ်.......
ရုတ်တရက်ခေါင်းလောင်းသံကြားတော့မှအသိပြန်ဝင်လာပြီးကျောင်းထဲဝင်လိုက်တယ်.....
××××××××
Tr: ဒီနေ့ကျောင်းသားသစ်1ယောက်ဝင်တယ်၊၊အားလုံးကူညီပေးလိုက်ကြနော်၊၊ဟုတ်ပြီလား၊၊
Kai: annyeongha seyo!!!kim jong in mida....
Tr:သားဟိုနေရာမှာဝင်ထိုင်လိုက်နော်၊၊
Kai:nae!!!!
Kai သူ့ဘေးကကောင်လေးကိုနှုတ်ဆက်လိုက်တယ်၊၊
Kai:annyeong!!!!
Boy:annyeong Chanyeol ပါ..yeolလို့လည်းခေါ်လို့ရပါတယ်
Kai:ငါ့ကိုလည်း kai လို့ပဲခေါ်ပေါ့
Kai's pov:yeolကတော်တော်ခင်ဖို့ကောင်းတဲ့ကောင်လေးပါ၊၊စကားများတာကလွဲလို့
ရုတ်တရက်ကျနော့်မျက်စိကအတန်းရဲ့ရှေ့ဆုံးပြူတင်းပေါက်နားမှာထိုင်နေတဲ့ပန်းနုရောင်စွယ်တာနဲ့ကောင်မလေးဆီရောက်သွားတယ်၊၊သူမကနက်မှောင်တောက်ပနေတဲ့ဆံနွယ်ရှည်လေးတွေနဲ့.... ကျနော်စဉ်းစားနေတုန်းမှာပဲ သူမရုတ်တရက် လှည့်ကြည့်လိုက်တယ်~~~~ Omo!!! O.O ချစ်ဖို့ကောင်းလိုက်တာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြီးတော့ သူများတွေလိုဘာပြင်ဆင်ချယ်သမှုမှမရှိတဲ့အပြစ်ကင်းတဲ့မျက်နှာလေး ပန်းနုရောင် သွေးကြောလေးတွေကြောင့် ပန်းသွေးရောင်သန်းနေတဲ့ပါးလေးတွေ heart shape ပုံ နှင်းဆီရောင် နှုတ်ခမ်းဖူးလေးကလည်း ကျနော် ရင်ကို ဆူနာမီ ဖြစ်အောင် လှုံ့ဆော်ပေးနေတယ် သူမလည်းကျနော် သူမကို အကြီးအကျယ်ငမ်းနေတာ တွေ့သွားလို့ထင်ပါရဲ့ ပန်းနုရောင် ပါးလေးတွေက အနီရောင်သမ်းသွားပြီး ဟိုဖက်ပြန်လှည့်သွားတယ် အဲ့ပုံလေးက အသည်းယားစရာ ပိုတောင်ချစ်ဖို့ကောင်းသွားတယ်...
××××××××××××××××××
Yeol:ဟေ့ကောင်
Yeol ရုတ်တရက်ကျနော့် ပခုံးကိုရိုက်လိုက်ပြီးအော်လိုက်မှအသိပြန်ဝင်လာတယ်၊၊ကျတော်ခဏလေးအတွင်းမှာပန်းရောင်အလှဘုရင်မလေးရဲ့ဆွဲဆောင်မှုအောက်မှာမျောပါသွားပါလား၊၊kaiသတိထားစမ်း၊၊
Yeol:ဘာတွေငမ်းနေတာလဲ၊၊ငါပြောနေတာကောကြားရဲ့လား၊၊
ကျတော်သူမေးတာမဖြေနိုင်ဘဲပန်းနုရောင်ဘုရင်လေးဆီပဲစိတ်ရောက်နေတယ်၊၊ကျနော် yeol ကို ကျနော်သိချင်တာကိုဘဲတန်းမေးလိုက်တယ်၊၊
Kai:yeol ah ဟိုပြူတင်းပေါက်နားကpinkလေးကဘယ်သူလဲ၊၊
Yeol:အမ်.....မာနမင်းသမီးကိုပြောတာလား၊၊
မာနမင်းသမီးတဲ့???pink လေးက??? Arnyi!!!!ကျတော်မျက်စိထဲမှာတော့pink angel လေးပဲ၊၊
Yeol:မင်းတော့စ စချင်းစိတ်ဝင်စားတာကလည်းမာနမင်းသမီးကိုမှ သူက ငါ့တို့ကျောင်းရဲ့ queen ကွ စာလည်းအရမ်းတော်တာ သုကိုကြိုက်တဲ့ဘဲတွေကလည်းတန်းစီနေတာပဲ ဒါပေမယ့်သူကအားလုံးငြင်းပစ်တာဟ သုနှလုံးသားကိုအနိုင်ရတဲ့သူမရှိသေးဘူး သူကအပေါင်းအသင်းလည်းမရှိဘူး သူတို့မိသားစုကလည်းအရမ်းချမ်းသာတာ သူ့မှာအမေတော့မရှိတော့ဘူး သူ့အဖေက....company ရဲ့ သူဌေးလေ အဲ ပြီးတော့ထူးခြားတာက သူနေ့တိုင်းအဲ့ပန်းရောင် စွယ်တာလေးပဲဝတ်တယ်ဟ ဘာလို့လဲတော့မသိဘူး သူ့နာမည်က
~~~Soo တဲ့~~~
YOU ARE READING
My Bride
FanfictionKaisoo myan subs When you fall to love a girl who will leave you one day