Soo's appa:Soo...သမီး kim kai ဆိုတဲ့ကောင်လေးနဲ့ကဘယ်လိုအခြေအနေလဲ? သမီးလည်း appa ပြောတာနားလည်
မယ်လို့ထင်တယ် appa ဒီထက်ပိုပြီးထပ်မပြောချင်တော့ဘူး နောက်တစ်ခေါက်ဆို appa အဆိုးမဆိုနဲ့..
Appa ပြောလိုက်တဲ့စကားက soo ခေတ္တ မေ့လျော့နေတဲ့ soo ရဲ့အနာဂါတ်ကို လက်တို့ပြီးသတိပေးလိုက်သလိုပါပဲ...
Soo:soo နားလည်ပါတယ် appa..soo ဆင်ခြင်ပါ့မယ်
Appa က soo မျက်နှာညှိုးသွားတာသတိထားမိလို့လားမသိ...
Appa:soo....appa က သမီးလေးအနာဂါတ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားတာပဲမြင်ချင်လို့ပါ...သမီးလည်းပင်ပန်းလောက်ပေါ့ အပေါ်တက်ပြီးသွားနားတော့...
Soo:nae appa...
Soo အပေါ်တက်သွားတာကိုကြည့်ပြီး appa မျက်ရည်တွေစီးကျလာတာကိုတော့ soo မသိလိုက်ပါ
Soo သူမရဲ့မှောင်မဲနေတဲ့အခန်းလေးထဲကိုဝင်ပြီး သူမရဲ့စာကြည့်စားပွဲ ရှေ့ဝင်ထိုင်ပြီး သူမနဲ့အတူအမြဲရှိနေတတ်တဲ့သူမမှတ်စုစာအုပ်အဟောင်း လေးကိုကြည့်ရင်းမျက်ရည်တွေကျလာတယ်
Soo အလျင်အမြန်ပဲ မျက်ရည်တွေသုတ်ပစ်လိုက်ပြီး...
Soo's pov: appa ပြောတာမှန်တယ် soo... appa ကိုသတိပေးတဲ့အတွက်ကျေးဇူးတောင်တင်သင့်တယ် soo နင်ရူးနေပြီလား နင် နှလုံးသားရဲ့အလိုဆန္ဒနောက်ကိုလိုက်နေတာပဲ နင်ဘာလို့ငိုနေရတာလဲ? တိတ်စမ်း soo မငိုနဲ့ နင့်ဘဝအမှတ်စဉ်တွေထဲမှာ လူတစ်ယောက်ကြောင့်ငိုရတာမျိုးပါလား? နင်အရမ်းကိုစည်းတွေဖောက်နေပါလား? Soo ဖြစ်သင့်တာကိုပဲတွေးစမ်း...
Soo ပြောသာပြောနေတယ် သူမမျက်ရည်တွေကိုတော့ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါ....
× × × × × × ×
ဒီနေ့ကျနော့်နတ်သမီးလေးကတွေ့ဖို့အတွက်ချိန်းလို့ ကျနော်စောစောထွက် လာခဲ့တယ် အရမ်းလည်းကြည်းနူးပြီး လေပေါ်မြောက်နေသလိုခံစားနေရတယ်
Kai's pov: ဟိဟိ ဒီကောင်မလေးတော့ ငါ့ကိုလွမ်းလို့နဲ့တူတယ် တွေ့မှအတင်းဖက်နမ်းပစ်ဦးမယ်
ကျနော်အထင်နဲ့ အဲ့လောက်ထိလွဲချော်နေလိမ့်မယ်လို့လုံးဝမထင်ခဲ့မိပါ.....
Kai:ဘာ....soo...နင်ဘာပြောလိုက်တယ်?..ပြန်ပြောလိုက်စမ်းပါ...မဖြစ်နိုင်လိုက်တာ soo ရာ ကို့ကိုမနောက်ပါနဲ့ကွာ soo ရယ် စတာပါ လို့ပြောလိုက်ပါကွာနော်
ကျနော်တစ်ယောက်ထဲတငိုငိုတရီရီနဲ့ရူးတော့မလိုဖြစ်နေမိတယ် သူမကတော့အေးအေးဆေးဆေးနဲ့ပဲ ကျနော်မျက်နှာကိုတော့မကြည့် တစ်လုံးချင်းပြောလိုက်တယ်...
Soo:ငါမနောက်ဘူး kai ငါတကယ်ပြောနေတာ ငါနဲ့နင်ကဘယ်လိုမှမဖြစ်နိုင်ဘူး အစထဲကငါမှားခဲ့တာ ငါတို့လမ်းခွဲရအောင်
Kai:လုံးဝအဓိပ္ပါယ်မရှိဘူး soo..ငါလမ်းမခွဲနိုင်ဘူး နင်နဲ့ငါ ချစ်သူဖြစ်တာမှ တစ်ပတ်တောင်မပြည့်သေးဘူး လမ်းခွဲမယ်ဟုတ်လား?? နင်ငါ့ကိုကစားခဲ့တာလား soo အထင်သေးတာလား? ဒါမှမဟုတ် အဆင့်အတန်းကွာနေလို့လားဟာ
Soo:အားလုံးပဲ...kai နင်နဲ့ငါက အစထဲကမဖြစ်နိုင်ဘူးဆိုတာအစထဲသိသင့်တယ် နင်က ငါ့အတွက် အရုပ်ပဲ အခုငါမလိုချင်တော့လို့နင့်ကိုလွှင့်ပစ်လိုက်ပီ နင့်ကိုငါမချစ်နိုင်ဘူး နင့်ချစ်သူလည်းငါမဖြစ်ချင်ဘူး..
Kai:soo နင့်စိတ်ထဲမပါမှန်းငါသိတယ် soo နင်ဘာဖြစ်တာလဲ? ဘာကြောင့်အဲလိုပြောရတာလဲ?
Soo:နင်ထင်ချင်သလိုထင်တော့ ငါ့ကိုလည်းမေ့လိုက်ပါတော့ ငါသွားတော့မယ်...
Kai:နင်ပြောချင်တာပြီးပြီလား soo? ဒါဆိုငါပြောမယ် နင်ငါ့ကိုအဲလိုလုပ်လို့လည်း ငါနင့်ကိုမမုန်းဘူး မေ့လည်းမမေ့ဘူး ဒါပေမယ့်နာတော့နာကျည်းတယ် နင့်ကိုငါမြတ်မြတ်နိုးနိုးကိုချစ်လို့ပဲ soo...
ကျနော့်စကားတွေအားလုံးကို soo ရဲ့ သွေးအေးရက်စက်တဲ့ စကားတစ်ခွန်းနဲ့ပဲရိုက်ချိုးသွားခဲ့တယ်..
Soo:သေချာတာကတော့ ငါ့ရင်ထဲမှာ kai ဆိုတာမရှိတော့ဘူး..
သူမပြောပြီးလှည့်ထွက်သွားတယ်.... ဒီနေ့ကတော့ ကျနော့်အတွက်ကမ္ဘာပျက်တဲ့နေ့ပါပဲ
ကျနော်လဲမကျသွားအောင်အားတင်းပြီးတောင့်ခံနေရတယ် ရုတ်တရက် အမြင်အာရုံတွေဝေဝါးလာတယ်
ပါးပြင်လေးတစ်လျှောက်ပူကနဲဖြစ်သွားတယ် စမ်းကြည့်လိုက်တော့...မျက်ရည်တွေပါလား? ကျနော် Kim Jong In ဆိုတဲ့ကောင်ကဘယ်သူ့အတွက်မှဘယ်တုန်းကမှမျက်ရည်မကျဖူးဘူး အခု ပန်းရောင်အသဲခွဲဘုရင်မလေးကြောင့် ကျနော်မျက်ရည်တွေကျနေရပြီ
ကျနော်ရင်ခွင်ကိုခွဲပြီးပြေးထွက်သွားတဲ့ ချစ်သူလေးကို ကျနော် လှမ်းလည်းမခေါ်မိပါ ခေါ်စရာလည်းမလိုလောက်ပါ ကျနော့်နှလုံးသားထဲမှာတော့ Do Kyung Soo ဆိုတဲ့ကောင်မလေးကဘယ်တော့မှထွက်သွားလို့မရနိုင်လို့ပါ...
× × × × × × × × ×
YOU ARE READING
My Bride
FanfictionKaisoo myan subs When you fall to love a girl who will leave you one day