Gift

2.8K 216 0
                                    

နေရောင်ခြည်အလင်းတန်းကကျနော့်မျက်နှာပေါ်စူးစူးရှရှထိတွေ့လိုက်တာကြောင့် ကျနော်နိုးထလာခဲ့တယ်....

မျက်စိမျက်လုံးကိုပွတ်နေရင်းကရုတ်တရက်ထထိုင်လိုက်မိတယ် ဒီနေ့က.... ဒီနေ့က... ကျနော်နေ့တိုင်းနေ့တိုင်းလက်ချိုးရီရင်းစောင့်ခဲ့ရတဲ့နေ့လေးပဲ ကျနော်တို့အောင်စာရင်းထွက်မယ့်နေ့ ကျနော်ချစ်ရတဲ့ကျနော့်နတ်သမီးလေးကအဖြေပေးမယ်ဆိုတဲ့နေ့...

~~~~~~~~~~~~~~~~

ကျနော်ကမန်းကတမ်းရေချိုးပြီးတော့ Soo လေးရဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ် သူမဖုန်းကိုဆက်ကြည့်လိုက်တော့ သူမကျောင်းရောက်နေပြီတဲ့ ကျနော် taxi ဌားပြီးတော့ပဲကျောင်းကိုသွားလိုက်တယ် စိတ်ထဲမှာလဲ အောင်စရင်းထက် သူမဆီကကျနော်လိုချင်တဲ့ ကျနော်ကြားချင်တဲ့ စကားလေးကိုပဲ ကျနော်တောင့်တနေမိတယ်...

~~~~~~~~~~~~~~~~~

ကျောင်းရောက်တော့ ကျနော်သူမကိုအကြီးအကျယ်လိုက်ရှာမိတယ်....

ဟောတွေ့ပါပြီ စာရွက်တွေကပ်ထားတဲ့ board ကိုတိုးဝှေ့ကြည့်နေတဲ့လူအုပ်ကြီးကိုကျောခိုင်းပြီး မြက်ခင်းစိမ်းစိမ်းနဲ့ ပန်းတွေကိုငေးကြည့်နေတဲ့သူမ...

ကျောင်းပန်းခြံရဲ့အလယ်ကခုံတန်းလေးမှာ..

ရောင်စုံပန်းလေးတွေနဲ့အပြိုင်လှနေလေရဲ့...

သူမကျောပေးထားသော်လည်း သူမဟာ ကျနော် pink လေးမှန်းကျနော်သိသည်...သူမရဲ့ပန်းနုရောငွစွယ်တာလေးကသက်သေပဲမလား...

ကျနော်သူမနားအပြေးလေးသွားလိုက်တယ်

Kai:Soo...နင်ဘယ်တုန်းကရောက်နေတာလဲ?

Soo:ခုနကမှပါ...

သူမ မဆိုစလောက်လေးပြုံးပြရင်းပြောသည်...

Kai:miynan...အကြာကြီးစောင့်လိုက်ရလား soo??

Soo:ရပါတယ်...kai.. ပန်းလေးတွေကအရမ်းသနားဖို့ကောင်းတာပဲဟာ..

Kai:ဘာလို့လဲဟ??

ကျနော်နားမလည်နိုင်စွာမေးလိုက်တယ်

Soo:ပန်းလေးတွေကလေ သူတို့ရဲ့အလှ လူတွေကိုဖျော်ဖြေဖို့သူတို့ဘဝကိုစတေးခဲ့ရတာဟ ပန်းလေးတွေကသူတို့မညှိုးခင် သူတို့ကိုတန်ဖိုးထားပြီးချစ်တဲ့သူကိုမျှော်နေကြတာဟ အဲ့လိုမဟုတ်ရင်သူတို့ကညှိုးပြီးသေသွားကြတာ...ဒါတောင် သူတို့လေးတွေမကောင်းတဲ့ပတ်ဝန်းကျင်မှာသာ ပွင့်မိရင် အချိန်မတန်ပဲသေသွားကြရတာဟ...

My BrideWhere stories live. Discover now