အခုဆိုရင်ကျနော်တို့သူငယ်ချင်းဖြစ်လာကြတာ ၆ လလောက်ရှိတော့မယ် ဒါပေမယ့် သူနဲ့ ကျနော်ကြားမှာတိုးတက်မှုလည်းမရှိ သူနဲ့ အရင်ကထက်နဲနဲလေးပိုခင်မင်လာခဲ့ကြတာကလွဲရင် ဘာဆိုဘာမှမရှိ ကျနော်သူ့မကြောင်းကိုလည်းဘာမှမသိ သူမလည်းသူမအကြောင်းကိုဘာမှမပြော..
သူမကလည်းပန်းရောင်အကျီင်္လေးကိုဝတ်မြဲဝတ်ဆဲ ကျနော်သူ့နဲ့သူငယ်ချင်းဆိုပေမယ့် သူ့နဲ့ပတ်သက်ပြီးသိထားတာမရှိသေးပါ
ကျနော် မနက် ကျောင်းမသွားခင် သူ့အိမ်ရှေ့သွားပြီးသူ့ကိုစောင့်တယ် သူမနဲ့ကျောင်းတူတူသွားတယ် ဒါတောင်တစ်ခါတစ်လေ သူမကျောင်းအပြန်လိုက်မပို့ပေးရပါဘူး သူမကတစ်ခါတစ်လေ စောစောပြန်သွားတတ်တယ် သူ့မကိုမေးရင်လည်း ဒီလိုပါပဲလို့ပြောတတ်တယ် ကျနော်တို့ သူငယ်ချင်းဘဝက ၆ လလုံးလုံးဒီပုံစံပါပဲ ပိုလည်းမပို လျော့လည်းမလျော့သွားပါ ကျနော်သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျနော်ဖွင့်မပြောမိ ဘာလို့မှန်းမသိ ကျနော် သူ့ကိုဆုံးရှုံးရမှာကြောက်နေမိတယ်...
× × × × × × × × ×
ဒီလိုနဲ့ကျနော်တို့အထက်တန်းကျောင်းသားဘဝကုန်ဆုံးလို့ တက္ကသိုလ်ကျောင်းသားဘဝကိုရောက်တော့မယ်
ကျနော်သူမကိုဖွင့်ပြောဖြစ်အောင်ပြောမှဖြစ်တော့မယ် အဲ့လိုမှမဟုတ်ရင်ကျနော့်pinkလေးနဲ့ကျနော်ဝေးရတော့မယ်လေ.
× × × × × × ×
ဟူး.....ကျနော် အိမ်ကထွက်လာထဲကရင်တွေတုန်နေမိတယ် နှလုံးသားတစ်ခုလုံး အပြင်ကိုပြုတ်ထွက်ကြလာမတတ်ရင်တွေခုန်နေမိတယ် စာမေးပွဲကြောင့်တော့မဟုတ် ကျနော့်angleလေးကိုဖွင့်ပြောမယ့်နေ့မို့လို့ ကျနော်စာမေးပွဲကိုတောင်သိပ်အာရုံမရနိုင်ပါ ကျနော်အမြန်ဆုံးဖြေပြီး pink လေးအခန်းရှေ့မှာစောင့်နေမိတယ်
ဟော....သူမထွက်လာပြီ...
Kai:Soo ဖြေနိုင်လား?
Soo:အင်း...
Kai:ငါ့နဲ့ခဏလိုက်ခဲ့ပါလား ငါပြောစရာရှိလို့ဟ
Soo:ဘာပြောမလို့လဲဒီမှာပြောလေ
YOU ARE READING
My Bride
FanfictionKaisoo myan subs When you fall to love a girl who will leave you one day