ကျနော်ကျောင်းရောက်တော့ အခန်းထဲမှာ pink လေးတစ်ယောက်ပဲရောက်သေးတယ် ကျနော်ဒီနေ့တော့ yeol နားမှာမထိုင်တော့ပဲ သူမနားမှာထိုင်ဖို့ဆုံးဖြတ်လိုက်တယ်
Kai:Soo...ကျနော်ဒီမှာထိုင်မယ်နော်
သူမကျနော်ကိုဘာမှမပြော.... အံ့ဩစွာမျက်လုံးလေးပြူးပြီးစိုက်ကြည့်နေတယ်
ကျနော်လည်းသူ့အဖြေကိုမစောင့်တော့ပဲ ပျားရည်ကိုသကြားရည်ထပ်ရောထားသလို အချိုသာဆုံးပြုံးပြပြီးသူမဘေးဝင်ထိုင်လိုက်တယ်...
တော်တော်ကြာတဲ့အထိကျနော်တို့စကားမပြောဖြစ် ကျနော်ကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်
Kai:Soo ဟိုနေ့ကစာအုပ်လေးကလေ ဘာစာအုပ်လေးလဲ ကျနော်သိလို့ရမလား?
Soo:ရှင်နဲ့ဘာဆိုင်လို့လဲ? ရှင့်ကိုကျမ သူငယ်ချင်းလုပ်ခွင့်ပဲပေးထားတာ ကျမဘဝကိုဝင်စွက်ဖက်ခွင့်မဟုတ်ဘူး ရှင်နောင်ကိုအဲလိုစပ်စပ်စုစုလုပ်မယ်ဆို ရှင့်ကိုသူငယ်ချင်းအဖြစ်ကစွန့်လွှတ်ရလိမ့်မယ်
သူမတော်တော်လေးဒေါသထွက်နေပုံရတယ် ကျနော်တောင်းပန်ချိန်မရလိုက် ဆရာမကဝင်လာတယ်
ကျနော်အမှားနဲ့ကျနော်ဆိုတော့ကျနော်ကြောက်နေရတယ်
Kai'pov:ငါ့အမှားမှမဟုတ်တာ ငါလည်းfri တစ်ယောက်အနေနဲ့သူ့အကြောင်းလေးသိခွင့်ရမလားလို့မေးကြည့်တာကို ဟွန်းတော်တော် မာနကြီးတဲ့ pink လေး နောက်မှတွေ့ဦးမယ် ဟွန့်...
× × × × × ×
ကျောင်းဆင်းတော့သူမကိုမတွေ့တော့ yeol ပြောတော့သူမနေ့လည်ထဲကပြန်သွားတယ်လို့ပြောတယ် ကျနော်လည်း စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ခဲ့ရတယ်
Kai's pov:kai စိတ်ဓာတ်မကျနဲ့ မနက်ဖြန်မနက်ကျမှတောင်းပန်ကြတာပေါ့...
ကျနော်စိတ်ကူးကအချည်းအနှီးဖြစ်ခဲ့ရတယ် သူမအဲ့နေ့ပြီးထဲက ကျောင်းမတက်တာ ဒီနေ့နဲ့ပါဆို ၇ ရက်ရှိပြီ ကျနော်လည်းစိတ်ပူလှပြီ သူ့ဘယ်မှာနေမှန်းလည်းကျနော်မသိ...
Kai's pov:ငါ့ကြောင့်များလား??? အား....ငါ့နဲ့ဘာဆိုင်လို့လဲငါကဒီတိုင်းမေးလိုက်တာကို...
YOU ARE READING
My Bride
ФанфикKaisoo myan subs When you fall to love a girl who will leave you one day