ကျနော့်စာမေးပွဲကအခုမှပီးလို့ soo နဲ့သိပ်တောင်မတွေ့ဖြစ်ပါဘူး soo နဲ့ ဖုန်းထဲကပဲအဆက်အသွယ်ရတယ် soo လည်းအခုတစ်လောရွှင်ရွှင်လန်းလန်းဖြစ်လာတယ် သူမပျော်ရွှင်လာသလိုပဲ ရုတ်တရက်ထမြည်လာတဲ့ဖုန်းကြောင့်ကျနော့်အတွေးစပြတ်သွားတယ် ဖုန်းကိုကြည့်လိုက်တော့ soo တို့အိမ်က
Kai:nae...kai ပြောနေပါတယ်
Arjima:kai shi....soo လေးသတိမေ့သွားလို့ အခုပဲဆေးရုံတင်လိုက်ရတယ် .....ဆေးရုံမှာ
Kai:ဘာာာာ.....ကျနော်အခုလိုက်သွားလိုက်မယ်
ကျနော်အရမ်းကိုစိုးရိမ်သွားတယ် soo ဘယ်လောက်ပဲနမကောင်းဖြစ်ဖြစ် သတိလစ်တဲ့အထိတော့မဖြစ်ဖူးဘူး ကျနော့်ကားဆီကိုကမန်းကတမ်း ပြေးသွားပြီး ကားကိုမိုင်ကုန်တင်ကာ soo ရှိတဲ့ဆေးရုံ ကိုမောင်းသွားလိုက်တယ် လမ်းတစ်လျှောက်လုံးလဲ soo ဘာမှမဖြစ်ဖို့ကိုပဲ ကျနော်ဆုတောင်းနေမိတယ် soo ကိုကျနော်မစွန့်လွှတ်နိုင်သေးဘူး
ဆေးရုံကိုရောက်တာနဲ့ ကားကိုပါကင်ထိတောင်သွားမထိုးနိုင်ပဲဆေးရုံဝင်ပေါက်ရှေ့မှာပဲပိတ်ရပ်ပြီးဆေးရုံထဲကိုအရူးတစ်ယောက်လိုပြေးဝင်လာခဲ့တယ် ဆေးရုံထဲမှာကျနော်တစ်ယာက်ထဲဝရုန်းသုန်းကား....
Kai:Soo...လူနာ Do kyung Soo ကဘယ်အခန်းမှာလဲ?
Nurse:ဒီမနက်ကရောက်လာတဲ့တစ်ယောက်လား? .....မှာပါ
ကျနော်အရမ်းကိုစိတ်ပူနေပြီ စိတ်နဲ့လူနဲ့တောင်မကပ်တော့ဘူး ဆရာမကိုလည်း ကျေးဇူးတင်စကားပြောဖို့တောင်သတိမရ soo ရှိတယ်ဆိုတဲ့အခန်းလေးကိုအသည်းအသန်ရှာနေမိတယ်
ဟောတွေ့ပါပြီ ကျနော်ဘာမှတွေးမနေပဲ အခန်းစကားကိုဖွင့်လိုက်တယ် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျနော်အမောတောင်စို့သွားတယ်
Kai's pov: boya....တွေ့ပြန်ပြီဒီဆရာဝန် ဂျပု အဲ့ဂျပုကဘယ်သူလဲ ဘာကိစ္စငါ့ soo လေးလက်ကိုကိုင်ပြီး စကားပြောနေရတာလဲ? ဒီဂျပုတော့နာတော့မယ် မိ soo တို့များ သတိလစ်ပြီးဆေးရုံရောက်လာတာတဲ့ ခုတော့ ကုတင်ပေါ်တောင်ထထိုင်ပြီး ဟိုဂျပုနဲ့စကားပြောပြီးသွားကိုဖြဲလို့ သွားအအေးပတ်တော့မယ်
YOU ARE READING
My Bride
FanficKaisoo myan subs When you fall to love a girl who will leave you one day