လေနုအေးလေးများက တိုက်ခတ်နေသည်
မိုးအကုန်ဆောင်းအကူးကာလမို့ နှင်းတွေတော့ကျဆင်းခြင်းမရှိသေးပေမယ့် ချမ်းစိမ့်စိမ့်ခံစားမှုပေးစွမ်းနေသော သာယာသော မနက်ခင်းတစ်ခုလမ်းဘေးပလက်ဖောင်းပေါ် မိန်းကလေးတစ်ယောက် လမ်းလျှောက်နေသည်
အညိုနုရောင်ဆွယ်တာလက်ရှည်အကျီနှင့် ဂျင်းပန်ကိုတွဲဝတ်ထားပြီး နားကြပ်ကိုတပ်ကာ သီချင်းတွေခပ်တိုးတိုးရွတ်ဆိုနေပုံအရ သူမကလွတ်လပ်မှုကိုနှစ်သက်ကြောင်း ဖော်ပြနေသယောင်
သူမသည်ကား အခြားသူမဟုတ် park company၏ တစ်ဦးထဲသောအမွေဆက်ခံသူ 'park chaeyoung'
Chaeက လူတစ်မျိုးပင် လွတ်လွတ်လပ်လပ်နေချင်သည် အလုပ်မလုပ်ချင်သည်မျိုးတော့မဟုတ်
ပြီးcompanyတစ်ခုကို ဦးဆောင်ဖို့ ကိုယ်တိုင်ကအရည်အချင်းပြည့်မှီနေဖို့လိုတယ်မလား ဒါကြောင့်အခြားcompanyများစွာမှာ အလုပ်ဝင်လုပ်သည်
မနက်ခင်းတိုင်း ထပြီးလမ်းလျှောက်တတ်သော အလေ့အကျင့်ကြောင့် ခုလည်းလမ်းလျှောက်နေခြင်းသာ တစ်နေရာအရောက်တွင်တော့ chaeရဲ့လျှောက်လှမ်းနေသော ခြေအစုံရပ်တန့်သွားခဲ့ရသည်
အကြောင်းမှာ အဘွားအိုတစ်ဦးထံမှ ပန်းအားလုံးကို ဝယ်နေဟန်တူသော မိန်းကလေးတယောက်ကြောင့်ပင်
အဘွားအိုအား ပိုက်ဆံများပေးကာ ပြုံးရယ်နေသောသူမ သူမအားကြည့်ရင်း chaeတယောက် ပြုံးနေမိသည် ခဏအကြာ သူမက ကားပေါ်တက်၍မောင်းထွက်သွားသည် အခုထိ chaeမှာ မတ်တပ်ရပ်လျှက်ရှိနေတုန်း
Chaeရဲ့နှလုံးသားလေးဟာလည်း ခုန်ပေါက်နေတုန်း..တစ်ခါမှ မခုန်ခဲ့ဘူးတဲ့ နှလုံးသားက ခုမှဘာကြောင့် ထခုန်နေရတာလဲ chaeနားမလည် ဒါပေမယ့် ကိုယ့်ကိုရင်ခုန်စေတဲ့သူမနဲ့တော့ နောက်တစ်ကြိမ်ထပ်တွေ့ချင်ပါသေးတယ် သိပ်လှတဲ့ ကောင်မလေးရေ......
မနက်စောစော အခုလိုလမ်းလျှောက်ထွက်တတ်သည့်အကျင့်လေးကို ကျေးဇူးတင်ရမည် ထိုသို့မဟုတ်ပါက ဒီကောင်မလေးအား ချယ်တွေ့မြင်ဖို့မသေချာပေ....
အဲ့နေ့ကစပြီး ညတိုင်းမက်သည့်အိပ်မက်တွေထဲ သူမအမြဲပါသည် အိမ်မက်ဆိုတာထက် စိတ်ကူးယဥ်တာဆိုပိုမှန်မည်လား ချယ်မပြောတတ်

YOU ARE READING
My Baby(chaelisa) Complete
Fanfictionစတွေ့ထဲက ခုန်နေတဲ့ဒီနှလုံးသားရဲ့ ပိုင်ရှင်မို့ ကိုယ်ပိုင်ဆိုင်ဖို့ ကြိုးစားရမာပေါ့ #chae အချစ်ဆိုတာ ဘာလဲ ရှင်နဲ့ရှိနေရင် ပျော်ရွှင်ရတာကြောင့် ရှင်က ကျွန်မချစ်ရသူလား #lisa ကိုယ်ရဲ့ အချစ်ဦးက မင်းမို့ ပိုင်ဆိုင်ပါရစေ tachi-rose&jennie neko-lisa