'ပြောပါအုံး.....ကိုယ်နဲ့ဘာများရှင်းမို့'Jimin ဘေးတွင်ဝင်ထိုင်ပြီး မေးဆပ်ပြကာမေးလိုက်လေသည်။
'ခင်ဗျား....ဟိုအိမ်မှာ ကျွန်တော့်ကိုဘယ်လိုပြောလဲ'
'ဒီတိုင်းပဲ ပြောတာလေ။ကိုယ်တစ်ခါမှ မအော်မိပါဘူး'
'အဲ့တာကိုပြောနေတာမဟုတ်ဘူး။ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ခဲ့တာကို ပြောတာ'
'ကိုယ်မင်းနဲ့တူတူနေတာကိုပြောတာလား။အဲ့တာလဲ မင်းဘက်ကစ တောင်းဆိုလို့လေ'
'Jeon JungKook.....ခင်ဗျား.......'
'ဟွန် ဘာလို့အော်နေတာတုံး.....ပေါက်စရဲ့။မဟုတ်လို့လား'
'ခင်ဗျား ကျွန်တော့်ကိုခိုးသွားတာကိုပြောတာ။အဲ့တာမဟုတ်ဘူး'
ထိုနေ့က ကိစ္စအားပြန်စဥ်းစားမိရင်း ရှက်လာတာကြောင့် ပါးနှစ်ဖက်က နီစပြုလာခဲ့သည်။
'aww....ကိုယ်က ဟိုဟာလုပ်တဲ့ကိစ္စကိုပြောတယ်ထင်နေတာ'
'မဟုတ်ဘူး'
'ကိုယ် မင်းကိုခိုးပြေးတာ ဘာဖစ်လို့လဲ'
'ခင်ဗျား ကျွန်တော့်ကိုပြောတော့ ခိုးလာတာဆိုပြီးပြောတာလေ။ဒါပေမယ့် Tae ပြောတော့ ခင်ဗျား အိမ်မှာ လူမရှိလို့ ကျွန်တော့်ကိုခေါ်သွားတာဆို'
'ဟုတ်တယ်လေ။ကိုယ့်စိတ်အရဆို မင်းကို ခိုးလာတာ။ဒါပေမယ့် momက မင်းအတွက်စဥ်းစားပေးသင့်တယ်လို့ပြောတယ်။မင်းက ကျောင်းလဲမပြီးသေးဘူးလေ။အဲ့တော့ မင်းသာခိုးရာလိုက်သွားတယ်ဆို မင်းမိဘတွေလဲ မျက်နှာပျက်ရမယ် မင်းအတွက်လဲမကောင်းဘူး။အဲ့တာကြောင့် mom ကအဲ့လိုပြောခိုင်းလို့...မင်းအတွက်အဲ့လိုပြောလိုက်တာ'
'ဒါပေမယ့်....ကျွန်တော်က.....'
နှုတ်ခမ်းထော်ကာ မျက်လွှာချရင်း ပြောလာတာကြောင့် JungKook အသည်းယားစွာ မျက်နှာအားမော့စေပြီး.....
'ကျွန်တော်က ဘာဖစ်လဲ.......'
'ကျွန်တော်က ခင်ဗျား ခိုးလာပြီး တာဝန်မယူပဲ အိမ်ပြန်ပို့မှာစိုးလို့ ကျွန်တော့်.....'
YOU ARE READING
My King
Romanceအထက်စီးဆန် အနိုင်ယူမှုတွေနဲ့ သူချစ်တဲ့ကောင်လေးရဲ့ အချစ်ကို ရယူဖို့ကြိုးစားရင်း......