စာမေးပွဲရက်နီးလာသည်မို့ ဒီရက်ပိုင်း Taehyung အိမ်၌သာ အချိန်ကုန်မိသည်။တစ်ယောက်ထဲစာလုပ်ချိန်ဆို အမြဲအထီးကျန်ရင်း လွမ်းနေမိတာကြောင့်လဲပါပေသည်။အလုပ်ကိစ္စများကြောင့် အဆက်မသွယ်မလုပ်နိုင်လျင် စိတ်မဆိုးနှင့်ဟုမှာခဲ့သော်လည်း ယခုရက်နှစ်ဆယ်လောက်ထိ အဆက် အသွယ် မလုပ်တာကြောင့် စိတ်ဆိုးမိသည်။'ဟူး........'
'Ji ဘာဖစ်ပြန်ပြီလဲ JungKook ကိုတွေးမိသွားလို့လား'
'Tae ya သူငါ့ကိုထားခဲ့ပြီထင်တယ်။ငါ့စီ စာလေးတစ်စောင်တောင်မပို့ဘူး'
'Ji ကလဲ သူမှာခဲ့တယ်မလား။အဆက်အသွယ်မလုပ်မိရင် စိတ်မဆိုးဖို့။ပြီးတော့ သူ့အကြောင်း Ji မသိတာလဲမဟုတ်ဘူးလေ။အလုပ်နဲ့ပတ်သက်ရင် ဘယ် လောက် ဒေါသကြီးပြီး တိကျလဲဆိုတာ'
'ဒါပေမယ့် သူစာလေးတစ်စောင်တောင် ပို့ဖို့ အချိန်မရတာတော့ မဖစ်နိုင်ဘူးလေ'
'ကဲပါ Ji ရယ်။စာပဲဆက်လုပ်ကြမယ်။ကျန်တာတွေ မတွေးနဲ့တော့'
'ဟင်း..........'
Jiminလဲ သက်ပြင်းချကာ စာထဲသာ စိတ်ပြန်နှစ်လိုက်သည်။ဘယ်လိုပဲ စိတ်ဆိုးနေပါစေ စာမေးပွဲတော့ အောင်အောင်ကြိုးစားရမည်။ဒါမှ JungKook ပြန်လာလျှင် သူ့အားစိတ်မပျက်မည်ဖြစ်သည်။တစ်ဖက်တွင်လည်း.........
'ဒီပေါက်စ Taehyung အိမ်မှာရှိနေသေးတာပဲ။ခုတ လော Taehyung အိမ်အရမ်းသွားနေတယ်။စာမေးပွဲနီးပြီဆိုတော့လည်း စာတူတူလုပ်နေတာထင်တယ်'
'သူဌေး ရုံးချိန်းသွားရမဲ့ အချိန်ရောက်ပြီရှင့်'
'ဟုတ်ပြီ ထွက်လာခဲ့မယ်'
ဖုန်းမျက်နှာပြင်ပေါ်တွင် တည်နေရာပြနေသော အနီစက်လေးအား တစ်ချက်ပြန်ကြည့်ပြီး ရုံးချိန်းသွားရန်ထွက်သွားတော့သည်။
'Tae ya ငါပြန်တော့မယ်နော်'
'အင်း Ji ကိုယ်လိုက်ပို့ပေးမယ်'
'ရတယ် Tae ငါဒီတိုင်း လမ်းလျှောက်ပြန်ချင်လို့'
'အင်းပါ အဲ့တာဆို ဂရုစိုက်ပြန်နော် အိမ်ရောက်ရင်ဖုန်းဆက်နော်'
YOU ARE READING
My King
Romanceအထက်စီးဆန် အနိုင်ယူမှုတွေနဲ့ သူချစ်တဲ့ကောင်လေးရဲ့ အချစ်ကို ရယူဖို့ကြိုးစားရင်း......