My Kìng (အပိုင်း 23)

11.6K 730 49
                                    

'အဟွတ် အဟွတ်......'

'Jimin Jimin အဆင်ပြေရဲ့လား ဒီမှာ ရေ'

'ဟုတ်.....ပြေတယ် JungKook'

'မေမေ Jimin ကို ဟင်းတွေအများကြီး မထည့်ပေးနဲ့လေ ပန်းကန်ထဲမှာ ပုံနေပြီ'

Jimin ပန်းကန်အား ကြည့်လိုက်ရာ အမှန်ပင် ဟင်းကော ထမင်းပါ ပုံနေလေသည်။မေမေက စားစေချင်လို့ ထည့်ပေးထားတာဆိုတော့ ငြင်းလိုက်လို့မဖစ်ပေ။

'ရ...ရပါတယ် JungKook အန်တီက စားရအောင်ထည့်ပေးထားတာပဲဟာ'

'စားနိုင်သလောက်ပဲ စားနော် ရင်ပြည့်လိမ့်မယ်'

'ဟုတ်'

ပြန်စဥ်းစားကြည့်ရင် JungKook အမေက ခုချိန်ထိ တစ်ခွန်းမှ ဝင်မပြောပေမယ့် အခြေအနေမဆိုးဘူးလို့ ပြောရမလား။တွေ့တွေ့ချင်း အိမ်ကနေမောင်းထုတ် ဒါမှမဟုတ် ပါးရိုက်ပြီး ငါ့သားနဲ့သဘောမတူဘူးလို့ ပြော.......အဲ့လိုဖစ်မယ်လို့ တွေးထားပေမယ့် ခုက အရမ်းတည်ငြိမ်လွန်းနေသည်။

'Jimin စားပြီးရင် အန်တီ အခန်းလာခဲ့ပါအုံး အန်တီပြောစရာရှိတယ်'

'ဟုတ် အန်တီ'

တည်ငြိမ်တယ်လို့ တွေးတုံးရှိသေးတယ် ငါတွေးသလို ဖစ်တော့မှာလား......JungKook ကယ်ပါ...

'Jimin......'

အန်တီ အခန်းစီသွားခါနီး JungKook က လက်လှမ်းဆွဲလိုက်သည်မို့ ခြေလှမ်းများ ခနရပ်လိုက်လေသည်။

'ဟုတ် JungKook'

'ဘာမှ မကြောက်နဲ့နော် မေမေဘာပြောပြော စိတ်ထဲအရမ်းမထားနဲ့နော် ကို မင်းကို ချစ်တာသိတယ်မလား'

'ဟုတ်'

JungKook လဲ Jimin နဖူးအား အသာနမ်းကာ လက်အား လွှတ်ပေးလိုက်လေသည်။

အခန်းထဲဝင်လိုက်တော့ အန်တီက ဓာတ်ပုံစာအုပ်လေးအား ကြည့်နေလေသည်။

'အန်တီ.....'

'လာပြီလား.....လာပါအုံး အန်တီနားကို'

'မတွေ့ရတဲ့ အချိန်တွေမှာ ပိန်သွားတာပဲ ဘာလို့ခုနက အစားများများမစားတာလဲ ပိန်နေတာ အစားများများစားသင့်တယ်လေ'

My KingWhere stories live. Discover now