My King (အပိုင်း ၉)

15.1K 1K 32
                                    

အိမ်ပြန်ရတော့မှာမို့ Jimin မပါလာသောပစ္စည်းများသိမ်းဆည်းလိုက်သည်။(JKရဲ့ပစ္စည်းတွေကိုသိမ်းပေးတာပါ)။နှစ်ယောက်သား ညနေစာစားပြီး အိမ်အပြန်လမ်းအား စတင်ခဲ့လိုက်သည်။

'Jimin အိပ်ချင်ရင် အိပ်နော်'

'ရပါတယ်။JungKook တစ်ယောက်ထဲ ပျင်းနေမှာပေါ့။သီချင်းဆိုကြမယ်လေ။'

ကားbluetoothနှင့် Jimin phone bluetoothအားချိတ်ပြီး သီချင်းဖွင့်လိုက်လေသည်။သီချင်းစဖွင့်တာနဲ့Jimin၏ ကကွက်ဆန်းများစွာနှင့် သီချင်း versionမျိုးစုံအား JungKookတစ်ဝကြီးနားဆင်လိုက်ရသည်။မျက်နှာတွင်တော့ အပြုံးမပျက်။ယုန်သွားပေါ်အောင်ထိ ပြုံးကာ Jiminလုပ်သမျှအား ကြည့်လေသည်။ထိုသို့ဖြင့် ပုကျိ၏သာယာသံများနှင့် အိမ်အပြန်လမ်းဟာ အလွန်စိုပြေခဲ့လေသည်။

'ကျွီ'

'Jimin......'

အိမ်ရောက်ပြီဖစ်သောကြောင့် Jiminအားလှည့်အကြည့် အိပ်ပျော်နေတာမို့ JungKook အသံအားတိုးလိုက်သည်။မနှိုးသေးပဲ Jiminဘက်သို့မျက်နှာမူပြီး ဘေးစောင်းလှဲကာ ကြည့်နေမိပြန်သည်။ဘယ်လိုတောင်ဆွဲဆောင်လိုက်သည့် ကောင်လေးလဲ။နာရီဝက်လောက်ကြာတော့ Jiminနိုးလာတော့သည်။

'ann..JungKook အိမ်ရောက်ပြီလား'

JungKookလဲ ကိုယ်ကို ပြန်မတ်လိုက်ကာ.....

'အင်း...ကြာပြီ'

'ကျွန်တော်ကို့လဲ မနှိုးဘူး'

'အိပ်နေတာကို မနှိုးရက်လို့....ဟီး..'

'ဟွန်း...လာ...သွားမယ် အိမ်ထဲ'

'အင်း....တာ့တာ.....'

'ဟမ်...ဘာကို တာ့တာလဲ။လိုက်ခဲ့မှာ မဟုတ်ဘူးလား'

'ကိုယ်က ဘာလို့လိုက်ရမှာလဲ။'

'ခင်ဗျားပဲ ကျွန်တော့်ကို ခိုးထားတာလေ'

'အင်းလေ'

'အဲ့တော့ လိုက်ခဲ့ရမယ်လေ'

'ဘာဆိုင်လို့လဲ'

'Jeon JungKook....'

'ဘာလို့လဲ'

'ခင်ဗျားနော် သူများသားသမီးကို စားပြီးနားမလည်လာမလုပ်နဲ့နော်။'

My KingWhere stories live. Discover now