My King (အပိုင်း 18)

11.8K 837 46
                                    


မနက်ခင်းရောင်ခြည်၏ အနွေးဓာတ်အား ခံစားရင်း အိပ်ယာမှ ထကာ မတွေ့ရတာ ကြာပြီဖစ်သော သူထံသို့ သွားရန်ပြင်ဆင်နေလေသည်။

အတတ်နိုင်ဆုံး ချစ်ဖို့ကောင်းမည့် အဝတ်အားသေချာရွေးဝတ်ပြီး ကိုယ့်ပုံစံအား မှန်ထဲ၌ ပြန်ကြည့်ရင်း.....

'Tae သာမြင်ရင် ပျော်သွားမှာပဲ......'

ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပြီးသည်နှင့် တက်ကြွ သော ခြေလှမ်းများနှင့် ခရီးဆက်ခဲ့လေသည်။

မတွေ့ရတာကြာပြီမို့ မြန်မြန်တွေ့ရန် ခြေလှမ်းများအား အရှိန်တင်ကာ မျှော်နေသူရှိရာ အဆောက်အဦးထဲသို့ ဝင်လာခဲ့လိုက်သည်။

မှန်လုံအခန်းလေးထဲတွင် အေးချမ်းစွာအနားယူနေသော သူငယ်ချင်းအားမြင်မှ Jimin သက်ပြင်းချနိုင်လေသည်။

'Tae Tae ya....'

'miyanae....ငါ အလုပ်တွေရှုပ်နေလို့ မလာဖစ်တာ'

'ငါ့ကို ​မျှော်နေတာ ငါသိပါတယ်'

'ငါ့ကို စိတ်ဆိုးနေလား'

'ငါ မင်း မကြိုက်တာလုပ်တာ မဟုတ်ပါဘူး'

'သူနဲ့ ပြန်တွေ့မယ်လို့ ငါလဲမထင်ထားဘူး'

'တစ်ခုခုဆို မင်းကို လာပြောပြပါမယ်'

' မင်းစီလဲ ခနခနလာပါ့မယ်'

'ငါ့ကို စိတ်မပူနဲ့နော်'

'မင်း.....ကတိမတည်ဘူး.....ဟင့်.....'

'မင်း ပြောတော့ မြန်မြန်နိုးအောင်ကြိုးစားမယ်ဆို'

'ငါ့ကို စိတ်မချဘူးဆို'

'ခုကျ တစ်ယောက်ထဲထားခဲ့တယ်.....မင်း....ကတိမတည်ဘူး'

'မင်းကို မုန်းတယ်......'

ဖစ်နေကြပုံစံအတိုင်း ပြောချင်တာပြောပြီး ငိုကာ ပြန်သွားပြန်လေသည်။အဆောက်အဦးထဲမှ ပြေးလာလိုက်တာ ကားဂိတ်နားသို့ပင်ရောက်လာလေသည်။ပင်ပန်းနေတာကြောင့် အိမ်သို့ပြန်ရန် ကားထိုင်စောင့်ရင်း......

'Jimin.....'

'Jimin................'

JungKook ဆိုင်သို့လာရင်း ကာဂိတ်တွင် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေသော ပေါက်စကိုမြင်တာကြောင့် ကားဂိတ်အရှေ့နားတွင် ကားရပ်ကာ ကြည့်နေလေသည်။အချိန်ကြာတဲ့အထိ မလှုပ်မယှက်ထိုင်နေတာကြောင့် ကားနောက်ပြန်ဆုတ်ကာ ခေါ်လိုက်တော့ မကြား.........အသံကုန်တင်ကာသာ အော်ခေါ်လိုက်တော့သည်.......

My KingWhere stories live. Discover now