Who am I?

1.3K 125 4
                                    

လမ်းမ အလယ်တွင် အရေးပေါ်ကားသံများဖြင့် ဆူညံလျက်.....
အမောတကြီးပြေးလာသော yoongi တစ်ယောက်
Jk အား

"သူ.......သူ..အဆင်ပြေရဲ့လား"

"အရေးပေါ်ခန်းထဲ ဝင်သွားတာ ကြာနေပြီ''

"တောင်းပန်ပါတယ်...ကိုယ့်ကြောင့်.."

"မင်းသူ့ကို ဂရုမစိုက်နိုင်ရင် ငါ မင်းဆီက လုသွားမှာမို့
သူ့ကို ပျော်ရွှင်အောင်ထားပေးပါ''

"တောင်းပန်ပါတယ်"

"မင်းကို တောင်းပန်ခိုင်းနေတာ မဟုတ်ဘူး..
Min yoongi shii..မင်းကို ဂရုစိုက်ခိုင်းနေတာ''

"ငါတို့...ငါတို့ လမ်းခွဲလိုက်ပြီ"

ဝဲတက်လာသော မျက်ရည်များကြောင့် jk yoongi ကို
လှည့်ကြည့်ရင်း မယုံနိုင်သော မျက်လုံးများဖြင့်.....

ထို့နောက် yoongi မှအကြောင်းစုံကိုပြောပြရင်း...
Yoongi ကိုပဲ သနားရမလို အပြစ်တင်ရမလို ဖြင့်...

အတန်ကြာ အရေးပေါ်ခန်းထဲမှဆရာဝန်ထွက်လာကာ

"ထိခိုက်မှုက ဦးခေါင်းနဲ့ ခြေထောက်မှာ ပိုများတာကြောင့် အခုတလောတော့ လမ်းသိပ်မလျှောက်နိုင်သေးဘူး
ဦးနှောက်ထိခိုက်မှု ရဲ့ ဆိုးကျိုးတွေအတွက်တော့ မှတ်
ဥာဏ်ပျောက်ဆုံးတာတို့ သတိမေ့တာတို့ ဖြစ်တတ်တယ်.အခုတော့ အန္တရာယ်ကင်းသွားပါပြီ''.

"ကျေးဇူးတင်ပါတယ် doctor ''..

ထို့နောက် လူနာစောင့်ခန်းထဲတွင်မအိပ်ပဲစောင့်နေ
သော ကောင်လေးနှစ်ယောက်...

================

နောက်နေ့မနက်..

"ငါ ဒီနားမှာ စားဖို့ သွားဝယ်လိုက်ဦးမယ် မင်းဘာမှာမလဲ"

"အဆင်ပြေတာပဲ ဝယ်ခဲ့"

Yoongi ထွက်သွားပြီး kj တစ်ယောက် jin အားရေပတ်တိုက်ပေးနေတော့သည်။သူနှစ်သက်သောထိုလူ
သား၏ နှုတ်ခမ်းလေးအား တစိမ့်စိမ့်ကြည့်ရင်း..

"တောင်းပန်ပါတယ်... မြန်မြန်နိုးလာပါတော့ ကလေးရယ်...မင်းရီသံလေးတွေကို သတိရနေပြီ...မင်းအပြုံးလေးတွေ...မင်းပါးစပ်ကခေါ်တဲ့ kooki ဆိုတဲ့ အသံလေးတွေရော... မင်းနဲ့ပတ်သတ်တာ မှန်သမျှ အကုန်လွမ်းနေလို့''

Did We Love?{Complete }Where stories live. Discover now