end of the love🔥

878 83 6
                                    

ဒီနေ့တော့ ဆေးစစ်ချက်ကို ယူရန်seok jin ဆေးရုံ
သို့ရောက်လာသည်.
ဆေးစစ်တုံးက yoongi နဲ့လာတာဖြစ်ပင်မဲ့ အခုတော့
သူတစ်ယောက်ထဲလာရသည်.

ဆရာဝန်ကတော့ စိတ်ဖိစီးတာကြောင့်သာဖြစ်ပြီး စိတ်
မပူဖို့သာ ပြောလိုက်သည်.
.
.
.
.
.
.
ညနေခင်း ပန်းခြံတွင် ချစ်ရသူ yoongi နဲ့ချိန်းထား
သည်မို့ ရေချိုးကာ အိမ်နဲ့မလှမ်းမကန်းက ပန်းခြံလေး
သို့ လမ်းလျှောက်လာသည်.

စောင့်မျှော်ရသော အလုပ်ကို မုန်းသော seokjin သည် ယခုအခါ သူ့ရဲ့ချစ်ရပါသော ဂျလေပီလေးကို စိတ်
ရှည်စွာ စောင့်စားနေသည်.

"Jin..''

အသံကြားရာကြည့်လိုက်တော့ yoongi သည်သူ့အရှေ့တွင်ရပ်နေသည်.

"Yoongi လာလေ''

ဘေးက ထိုင်ခုံတွင်ထိုင်ရန် လက်ပုတ်ခေါ်သော်လဲ yoongi သည် ထိုနေရာတွင်ရပ်နေမြဲ....

"ငါမင်းကိုပြောစရာရှိတယ် jin''

"အင်း ချစ်တယ် yoongi''
Seokjin ပြုံးကာ ပြောလိုက်သည်.

"Jin...ငါတို့ လမ်းခွဲ ကြမယ်''

"ဘာပြောတယ်!''

Seokjin အကြည့်ကို yoongi မရှောင်ဖြစ်ပါ.
ကိုယ်ကသာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပင်မဲ့ သူကတည်ငြိမ်နေဆဲ..

"ဒါနောက်စရာ မဟုတ်ဘူး yoongi''

အပြုံးအရယ်ပျောက်သွားသော seokjin မျက်နှာသည်
မျက်လုံးများနီကာ အသံများပင်တုန်ယင်နေသည်.

"ငါမနောက်ဘူး jin. ငါမင်းကို မချစ်ချင်တော့ဘူး''

ကျောပေးကာ လှည့်ထွက်သွားသော yoongi အား
အနောက်မှ seokjin လှမ်းဖက်ထာသည်.
ဘယ်အရာတွေက ငါတို့ကြားဝေးကွာစေတာလဲ...

"ဘာလို့လဲ yoongi. မသွားပါနဲ့''

ခါးအထက်၌တွယ်ဖက်ထားသော လက်အစုံသည်တုန်
ရီနေသည်.ကျောပြင်ထက် စိုစိစိအထိအတွေ့ကြောင့်
Seokjin ငိုနေမှန်းသိသည်.

"တောင်းပန်ပါတယ်.မသွားပါနဲ့ yoongi yrr''

"မင်းဖြစ်နေလို့''

"ဟင်''

ကျောပြင်ပေါ်တွင် မျက်နှာ အပ်ကာငိုနေသော seokjin သည် yoongi စကားကြောင့် မျက်လုံးများ
ဝိုင်းသွားသည်.

Did We Love?{Complete }Where stories live. Discover now