"သတိရပြီလား jin''
Jungkook ရဲ့ အမေးကြောင့် seokjin မျက်လုံးတို့
ကို အားယူပြီး ဖွင့်တော့ မျက်နှာကျက် အဖြူ ရောင်က
စီးကြိုနေလျက်.
နှာခေါင်းထဲ ပြင်းရှရှ ဝင်လာတဲ့ ပိုးသတ်ဆေးအနံ့ကြောင့် ဆေးရုံ ရောက်နေမှန်းသိလေသည်.သတိမမေ့ ခင်အတွေးတို့ကို ပြန်တွေးကြည့်တော့ ဦး
နှောက်ထဲ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ နာမည်လေးက
Yoongi တဲ့...."Kooki...yoongi လာတယ်မဟုတ်လား''
Jungkook seokjin ရဲ့ မျှော်လင့်ချက်တွေ ပြည့်နေ
တဲ့ မျက်ဝန်းလေးကို လျစ်လျူ ရှု ရင်းခေါင်းခါပြလိုက်
သည်.
Seokjin တစ်ဖန်ပြန်ငြိမ်သွားသည်.ဘယ်လောက်
တောင် လွမ်းနေလဲ သူကိုယ်တိုင်သာသိသည်.
အရင်ကဆို နှာစေးတာအစ ချောင်းဆိုးတာအဆုံး လိုက်
စိတ်ပူပေးတတ်သည့် ဂျလေဘီလေးသည် အခုတော့
အနားက အပြီးတိုင် ထွက်သွားသည်.သူက ချစ်တယ်ပြောပြီး အဝေးထွက်သွားတယ်...
ကိုယ်ကတော့ အချစ်ခံရပြီး သူ့ကို လိုက်ရှာနေရတယ်..."Jin...မင်းကို ဆရာဝန်က ခွဲစိတ်ရမယ်တဲ့''
Jungkook စကားကြောင့် seokjin သူ့ကိုတစ်ချက်
လှည့်ကြည့်လိုက်သည်."ဘာလို့လဲ..''
"မင်း နှလုံးက အလုပ်သိတ်မလုပ်နိုင်တော့လို့.အစားထိုး ကုသရမှာ jin''
Jungkook seokjin ကို နားဝင်အောင်ရှင်းပြနေ
သည်."ငါမလုပ်ချင်ဘူး kooki''
Seokjin မျက်နှာ လွှဲကာ အသိစိတ်မဲ့နေသောသူလို
ပြောသည်."မလုပ်လို့မရဘူး jin. မင်းအတွက် အစားထိုးပေးမဲ့သူ
လဲ ရနေပြီ!''"ငါ့ကို ဒီတိုင်းပဲ လွှတ်ပေးထားပါ.ငါအဆင်ပြေ....''
"ဘာကို အဆင်ပြေတာလဲ!! မင်းကို ထားခဲ့သူကြောင့်
မင်းဘဝကြီး ပျက်စီးဖို့ မျှော်လင့်နေတာလား!!တန်လို့
လား jin....လွယ်လွယ်နဲ့ လက်လျော့ချင်နေတာလား.
အဲ့လောက်ထိ ကိုယ့်ကို ကိုယ်နှိပ်စက်ဖို့လိုသလား!''Jungkook စိတ်ဆိုးကာ seokjin ကိုအော်လိုက်
ခြင်းဖြစ်သည်.
Jungkook ပြောသမျှ အံ့သြ စွာ ကြည့်နေသော
Seokjin မျက်လုံးများတွင် မျက်ရည်များဝေ့နေသည်.

أنت تقرأ
Did We Love?{Complete }
عاطفية"အချစ်ဆိုတာ တကယ်ရှိတယ်. တခြားသူရင်ခွင်မှာ".......jk "ချစ်ရတာ ပင်ပန်းတဲ့အခါ မချစ်ချင်တော့ဘူး ကိုယ့်ကို ချစ်တဲ့သူနဲ့ အချစ်ပဲခံချင်တော့တယ်".......jin "ပိုင်ဆိုင်ရမှ ချစ်လို့ရတာ မဟုတ်ဘူး.. ချစ်မိပြီဆို စွန့်လွှတ်ခြင်းကို အရင်သင်ယူရတယ်".......yoongi #...