L. O. V. E 💖

814 86 6
                                    

မင်း ကြောင့် ကိုယ်အများကြီးပျော်ခဲ့ရတယ်
ကိုယ်တို့ မဆုံစည်းနိုင်ခဲ့ရင်တောင်...
အတူမရှိနေနိုင်တော့ရင်တောင်...
ပျော်ခဲ့ဘူးတဲ့ နေ့ရက်တွေအတွက်
ကိုယ် မင်းကို ကျေးဇူးတင်နေမှာပါ~~~

================================
နှိုးစက်မြည်သံနဲ့အတူ အသက်ရှူ ကြပ်နေသော ရင်ဘက်အစုံကို လက်နက်ဖိရင်း ပုံမှန်ဖြစ်အောင်အသက်ရှူ
နေသည်.

အရင်ကတစ်ခါတလေ အသက်ရှူ ကြပ်တာဖြစ်တတ်ပင်
မဲ့ အခုတစ်လော ပိုဆိုးလာသည်..
ပုံမှန် အသက်ပြန်ရှူ နိုင်တော့မှ စားပွဲပေါ်က ဖုန်းလေးကို ကိုင်ကာ ထိပ်ဆုံး contact name လေးကိုနှိပ်
လိုက်သည်.

တစ်ဖက်က ဖုန်းကျသည်အထိမကိုင်တာကြောင့်ဒီတစ်
နေ့လုံးစိတ်ကောက်ရန်စဉ်းစားပြီး ရေချိုးခန်းထဲသို့ဝင်
ခဲ့သည်.
ရေစက်များကြောင့် နောက်ကျိနေသော စိတ်များကလန်း
ဆန်းလာသယောင်...

"တီ....တီ....တီ..''

ဝင်လာသော ဖုန်းသံကြောင့် ခုနကသူ့ဖုန်းကိုပြန်ခေါ်သည်အထင်နဲ့ ကြည့်တော့ ဖုန်းနံပါတ်စိမ်းတစ်လုံးကြောင့်
အံ့သြ သွားသည်.

"ဟယ်လို''

"Jin...ကိုယ်ပါ''

"Kook''

"အင်း..မှန်တယ်''

"ဘာလို့လဲ kook''

"ကို မင်းကိုပြောစရာရှိလို့''

"ကျောင်းမတတ်ဘူးလား.မင်းအတန်းပြေးတာ များပြီ''

"ဟုတ်လား..အာ့ဆိုလဲ ကျောင်းရောက်မှ ပြောတော့
မယ်''

"Ok. .kook''

Seokjin အကျီလဲ ကာ ထုံးစံအတိုင်း သူ့ကလေကချေ
လေးကို နှိုးရန် yoongi အိမ်သို့...

"Yrrr....min yoongi!!!အခုထိ အိပ်နေတုံး''

"ဘာလဲကွာ..အိပ်နေတာကို''

Seokjin ကို အဖက်မလုပ်ပဲ ဟိုဘက်လှည့်ကာပြန်
အိပ်သွားသော yoongi ကို

"အေး.ဆက်အိပ်.ငါကျောင်းသွားပြီ''

လွယ်အိတ်လွယ်ကာအခန်းထဲ ထွက်တော့မည့်ပုံဖြစ်နေ
သော seokjin ကြောင့် yoongi ပြာပြာသလဲလဲ
ဖြင့် ထလာပြီး

"ထပြီ...ထပြီ...ကိုယ့်ကိုတော့ စောင့်ပါဦ. "

စပ်ဖြဲ ဖြဲရုပ်နဲ့ဆိုသော yoongi ကို seokjin မျက်
စောင်းထိုးရင်း အဝတ်ဗီဒိုထဲက အဝတ်အချို့ ထုတ်ပေး
နေသည်.

Did We Love?{Complete }Where stories live. Discover now