"15 years later''
လက်ထဲတွင် ဂန္ဓမာအနီရောင် ပန်းစည်းလေးကို ကိုင်
ကာ လျှောက်လှမ်းလာသော seokjinသည်လက်သန်း
ကြွယ်တွင် ငွေမှင်ရောင် လက်စွပ်လေးကို လှပစွာ
ဝတ်ဆင်ထားသည်။ခြေလှမ်းများသည် မြေပုံမို့မို့လေးနဲ့ ဘေးတွင်စိုက်ထား
သော သစ်ပင်လေးရှေ့တွင် ရပ်တန့်လျက်ရှိသည်.
လက်ထဲက ပန်းစည်းလေးအား ငြိုးခြောက်နေသော
ဂန္ဓမာအနီ တို့နဲ့အစားထိုးလိုက်သည်.မှန်ဘောင်ထဲတွင်မြင်နေရသော သူ့ရဲ့လူဆိုးလေးသည်
သူ့အားပြုံးပြနေပြန်သည်။"မင်းသိလား yoongi....
ဂန္ဓမာနီတွေက စကားပြောတတ်တယ်တဲ့.
မယုံရင် မင်းမေးကြည့်လိုက်ပါလား...
မင်းကို ငါအရမ်းချစ်တယ်လို့ ပြန်ဖြေလိမ့်မယ်''ပန်းလဲ ပြီးတော့ seokjin သစ်ပင်ဘေးကပ်ထိုင်ရင်း
လှဲအိပ်လိုက်သည်။"ဒီနေ့တော့ ရာသီဥတု သာယာတယ် yoongi.မင်း
ရှိတဲ့ အရပ်မှာရော ရာသီဥတု သာယာရဲ့လား''Seokjin ဘယ်ဘက်ရင်ဘက်ပေါ် လက်တင်ရင်း
ကိုယ့်ရင်ခုန်သံကိုယ်ပြန်နားထောင်နေသည်။
စည်းချက်ညီစွာ ခုန်နေသော ရင်ခုန်သံလေး...
ချစ်ရတဲ့ လူဆိုးလေးက အနားနားမှာမရှိပင်မဲ့ နွေးထွေး
တဲ့ ရင်ခုန်သံလေး လက်ဆောင်ပေးခဲ့သည်တဲ့လေ။ထိုရင်ခုန်သံလေးကြောင့်ပဲ အသက်ဆက်ရှင်သန်ရ
သည်.
ကိုယ့်ဘေးနားမရှိတော့ပင်မဲ့ လက်ဆောင်ပေးခဲ့တဲ့
နှလုံးသားလေးကို seokjin လက်ခံခဲ့ရသည်.ကိုယ့်ကိုကိုယ်ထင်ခဲ့တာဟာ မင်းကိုအများကြီးချစ်ပြီး
ပေးဆပ်ခဲ့သည်ဆိုပြီး...
အမှန်တော့ ငါကမင်းရဲ့ အချစ်ခံလူသားဖြစ်နေခဲ့တာပဲ
အမှန်တော့ Min yoongi ဆိုတဲ့လူဆိုးလေးဟာ
Kim seokjin ဆိုတဲ့ ကောင်လေးကို
အသက်ထက်မကချစ်ခဲ့တာပါ။တစ်ချို့သော လူတွေရဲ့အချစ်က အံ့သြစရာကောင်း
တယ်....
ချစ်တယ်လို့ ထပ်ခါထပ်ခါမပြောပင်မဲ့..
တစ်ဘဝလုံး ကိုယ်ချစ်တဲ့လူအတွက်ပဲ တွေးပေးတတ်
တာမျိုးပေါ့....စည်းချက်ညီစွာခုန်နေသော ရင်ခုန်သံလေးနဲ့အတူ
မျက်လုံးမှိတ်ထားသော seokjin ၏မျက်ခမ်းထောင့်
လေးတွင် မျက်ရည်ဥများခိုတွဲလျက်ရှိသည်။
.
.
.
.
.
.
"Jin.!!!"
YOU ARE READING
Did We Love?{Complete }
Romance"အချစ်ဆိုတာ တကယ်ရှိတယ်. တခြားသူရင်ခွင်မှာ".......jk "ချစ်ရတာ ပင်ပန်းတဲ့အခါ မချစ်ချင်တော့ဘူး ကိုယ့်ကို ချစ်တဲ့သူနဲ့ အချစ်ပဲခံချင်တော့တယ်".......jin "ပိုင်ဆိုင်ရမှ ချစ်လို့ရတာ မဟုတ်ဘူး.. ချစ်မိပြီဆို စွန့်လွှတ်ခြင်းကို အရင်သင်ယူရတယ်".......yoongi #...