ကယ်လီဖိုးနီးယားပြည်နယ်;
နေ့အလင်းရောင်ဖျော့ဖျော့လေးသာကျန်ရှိနေသောကယ်လီဖိုးနီးယားပြည်နယ်၏ကမ်းခြေလေးတစ်ခုတွင်ကောင်လေးတစ်ယောက်သည်ညနေဆည်းဆာကိုကြည့်ကာထိုင်ရင်းစကားတွေပြောနေခဲ့သည်..............
"လှလွန်းတယ်နေမင်းကြီးရယ်....
ဒါပေမဲ့ဦးရဲ့အပြုံးတွေလောက်တော့မလှဘူးကျယ်ပြန့်လွန်းတယ်ပင်လယ်ပြာရယ်....
ဒါပေမဲ့ကျွန်တော်အတွက်မဟုတ်တဲ့ဦးရင်ခွင်လောက်တော့ကျယ်မယ်မထင်ဘူးငှက်ကေလးတွေရဲ့တေးသံလေးဟာသာယာတယ်
ဒါပေမဲ့ဦးရဲ့အသံကိုမမှီဘူး...သိလား...ကျတော်ထွက်သွားတော့မယ်ဦး...မျက်လုံးချင်ဆုံပြီးနှုတ်ဆက်ချင်ပေမဲ့ဦးမှအတွေ့မခံတော့တာ......ချစ်တဲ့စိတ်ကိုတသက်လုံးသိမ်းထားလိုက်ပါ့မယ်....."ထို့နောက်ထိုကောင်လေးသည်သီချင်းသံလွင်လွင်လေးကိုဆိုညည်းနေသည်....တချက်တချက်တိမ်ဝင်သွားတဲ့အသံလေးကသူဘယ်လောက်နာကျင်နေတယ်ဆိုတာကိုသက်သေထူနေသည်
🎶🎶 "စိတ်မဆိုးနဲ့နော်ခွင့်လွှတ်ပါကွယ်
ကိုယ်ရိုင်းနေရင်.....
ကိုယ့်စိတ်ကအရင်ဒီလိုမဟုတ်ဘူးကွဲ့
မင်းနဲ့မှပြောင်းလဲကုန်ပြီ.....
အားလုံးလဲငါမယုံနိုင်....
မင်းလေးကိုဘယ်သူ့မှမပေး " မပေးနိုင်ဘူး
မင်းငါ့အသည်းငါ့အချစ်ပဲ....
မင်းလေးကငါ့အတွက်ပဲ...
လွန်တယ်လို့မင်းထင်လား....
အဘိဓမ္မာတရားမှာ....အချစ်မှာနှေးကန်ရင်
ခံသွားနိုင်တယ်....
တယောက်ယောက်ကဝင်လာပြီးလုသွားမှာ လည်း ဒီကောင်လေးကြောက်နေတယ်......
ချစ်တဲ့သူမင်းဟာလည်းဘုရားပေးတဲ့ဆုလာဘ်ပဲ........"🎶🎶🎶🎶သူဆိုနေကျသီချင်းလေးကိုညည်းရင်းအလွမ်းဒဏ်ကြောင့်ငိုမိပြန်သည်.....ဘယ်အချိန်ကစပြီးလွဲမှားခဲ့တာလဲ....ချစ်ခဲ့မိတာကြောင့်လား.....
လွန်ခဲ့သော၉လက........
ကယ်လီဖိုးနီးယားပြည်နယ်,
YOU ARE READING
👨💼👨🍳My housemaid👨💼👨🍳(Completed)
Romanceအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... နွေဦးမာန် ချစ်တယ်ဦး...ဥပေက္ခာပြုလိုက်ပါ...မုန်းတော့မမုန်းလိုက်ပါနဲ့ လောကနိယာမတွေကိုဆန့်ကျင်ပြီးခ...