ဦး....သိပ်ချစ်ရတဲ့ကျတော့်ရဲ့အချစ်ဦးဖြစ်တဲ့ဦးဟာရက်စက်တဲ့စကားတွေနဲ့ထိုးနှက်တဲ့အခါတိုင်းကျတော်သေမတက်နာကျင်ရတယ်.....
စကားနဲပြီးပြုံးတောင်မပြုံးတက်တဲ့ဦးဟာကျတော့်ကိုဆိုနာနာကျင်ကျင်တွေပြောပြီးအမြဲလှောင်ပြုံးတွေပေးတယ်.......
ကျတော်ခံနိုင်ပါတယ်....ကျတော်ကျေနပ်တယ်သိလား...ကျတော့်ဘဝမှာကျတော်ချစ်ရတဲ့သူတွေအကုန်လုံးကိုတော့မဆုံးရှုံးချင်တာကြောင့်...အနဲဆုံးတော့ဦးအနားနေခွင့်ရတာဟာကျတော့်အတွက်ဘုရားပေးတဲ့ဆုလာဘ်ပဲလေ.....မျက်နှာတောာင်မမြင်လိုက်ရတဲ့ကျတော့်မေမေ...ကျတော့တယောက်တည်းကိုပဲချစ်ပေးခဲ့တဲ့ဖေဖေ....အကုန်လုံးကိုကျတော်နဲ့အဝေးကိုဆွဲထုတ်သွားကြတယ်.....ကျတော့်ဘဝဟာဘာအတွက်အသက်ရှင်နေမှန်းမရေရောတော့တဲ့အချိန်မှာ...ဦးကတဖြည်းဖြည်းနဲ့ကျတော့်ရင်ထဲဝင်လာခဲ့တယ်....ကျတော့်အသက်ရှင်ခြင်းကတဖန်အသက်ဝင်လာတာဦးကြောင့်ပါ.......ချစ်တယ်ဦး
မိုးခတစ်ယောက်မရေးတာကြာနေပြီဖြစ်သောဒိုင်ယာရီစာအုပ်လေးကိုသူ့လက်ရေးလှလှလေးများဖြင့်စာစီနေခဲ့သည်.......မနက်ခင်းနေရောင်နွေးနွေးအောက်တွင်ထိုင်ကာစာရေးနေရင်းလည်းချစ်ရသူ၏အမိန့်တွေကိုစောင့်စားနေခဲ့သည်......
မိမိဖြစ်တည်မှုအမှန်ကိုသိသွားပြီမို့အရင်လိုနေရခက်တဲ့အဝတ်တွေဝတ်စရာမလိုတော့....ဆံပင်ကိုလည်းစိတ်ရှုပ်စွာချထားစရာမလိုတော့........ဆံပင်အိအိလေးများကိုပြောင်ရှင်းနေအောင်သိမ်း၍စုစည်းထားကာဝတ်နေကျတီရှပ်အပွလေးကိုဘောင်းဘီတိုလေးနှင့်သာတွဲ၍ဝတ်ဆင်ထားသည်.........
မိုးခ၏ချစ်စရာပုံလေးသည်မြင်သူတိုင်းကိုအသက်ရှုမှားစေနိုင်လောက်သည်......နက်မှောင်ငြို့ငင်နေသောမျက်ဝန်းနက်တွေဟာလည်းဝမ်းနည်းရိပ်သန်းနေပေမယ့်ရီဝေကာလှနေသည်.....ရဲနေသောနှုတ်ခမ်းဖူးလေးများဟာလည်းချိုသလားမေးစရာမလိုအောင်....ဘောင်းဘီတိုအောက်ကပေါ်နေသောပေါင်တံဖွေးဖွေးဟာလည်းယောကျာ်းချင်းကြည့်ရင်တောင်မိန်းမတို့၏မမြင်အပ်သောအသားစိုင်များထက်ပင်လှနေသည်..........
YOU ARE READING
👨💼👨🍳My housemaid👨💼👨🍳(Completed)
Romanceအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... နွေဦးမာန် ချစ်တယ်ဦး...ဥပေက္ခာပြုလိုက်ပါ...မုန်းတော့မမုန်းလိုက်ပါနဲ့ လောကနိယာမတွေကိုဆန့်ကျင်ပြီးခ...