မနက်ခင်းနေရောင်ခြည်လေးသည်မြင်တွေ့နေကျပေမယ့်ဒီနေ့မြင်ရတဲ့နေ့လင်းရောင်လေးဟာပိုလို့လှကာကျက်သရေရှိနေသည်....ရင်ခွင်ထဲတွင်ငြိမ်သက်စွာလဲလျောင်းနေသောငယ်လေးသည်ခူးခူးခေါခေါဟောက်သံပိစိလေးပင်ထွက်လို့....နှုတ်ခမ်းလေးစူပြီးဖိအိပ်ထားတဲ့ပါးလေး၁ဖက်ကဖောင်းနေသေးသည်...
ပါးဖောင်းဖောင်းလေးကိုအချစ်ပိုစွာအူယားပြီးနမ်းမိတော့မျက်ခုံးလေး၁ဖက်ကတွန့်ကွေးသွားသည်....
"အွန်း...ဦး..."
"နိုးပြီလားငယ်.."
"ဟုတ်..."
"Morning kissလေးမပေးချင်ဘူးလား"
"ပေးချင်တာပေါ့...ဦးကအားကြီးဖက်ထားတော့လှုပ်လို့မရတော့ဘူးလေ"
"ဪ...ဟုတ်သား..."
ဖက်ထားသောလက်များကိုလုံးလုံးမလွှတ်ဘဲအနဲငယ်ဖြေလျော့ပေးတော့ခေါင်းလေးမော့ကာပါးနှစ်ဖက်ကိုရွှတ်ခနဲနမ်းသည်...
"မရွံဘူးလား..."
"ရွံပါဘူး...ကိုယ့်ငယ်ကမွှေးလို့ဗျာ...."
"ညကဒီမှာအိပ်တာကိုမောင်ကိုတောင်ဖုန်းမဆက်လိုက်ရဘူး..."
"မင်းဦးမောင်ကိုဘာလို့ဆက်ရမှာလဲ"
"ကျတော်ကသူနဲ့နေတာလေ..."
ထိုအခါအလိုမကျစွာတွန့်ချိုးသွားသောမျက်ခုံးနှစ်ဖက်.....
"ငယ်..!"
"ဗျာ...သူ့အိမ်မှာပဲနေတာပါဦးရဲ့"
"သူပြောတော့ငယ်ကအဆောင်မှာနေတာတဲ့"
"ဟုတ်လား...သူကအယ့်လိုပြောလား..."
"ကိုယ်သဝန်တိုတယ်ကွာ...ရင်တွေပူလိုက်တာငယ်ရယ်... ဒီကောင်ငယ့်ကို၁ခုခုများလုပ်ရင်.."
"ရှူး...အယ့်လိုမပြောရဘူးလေ...အဘိုးကြီးဦးရဲ့...သူကငယ်တို့ကိုပြန်ဆုံပေးခဲ့တဲ့သူလေ..."
"သဘောကျတယ်..."
"ဟမ်..ဘာကို..."
"ငယ့်ကိုယ်ငယ်...ငယ်လို့သုံးတာကိုသဘောကျတယ်.....ငယ်အရင်ကအယ့်လိုပဲပြောတာမလား...ငယ့်ဖေဖေဆုံးမှ..."
YOU ARE READING
👨💼👨🍳My housemaid👨💼👨🍳(Completed)
Romanceအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... နွေဦးမာန် ချစ်တယ်ဦး...ဥပေက္ခာပြုလိုက်ပါ...မုန်းတော့မမုန်းလိုက်ပါနဲ့ လောကနိယာမတွေကိုဆန့်ကျင်ပြီးခ...