"ခွေးပေါက်လေးရေမောင်လာတယ်..."
"လာတာဘာထူးဆန်းလဲဗျ.."
"ခွေးပေါက်လေးမောင့်ကိုမလွမ်းဘူးလား.."
"ဖြစ်မှဖြစ်ရတယ်..."
"ခွေးပေါက်လေးကဒီနေ့မာန်ဖီနေပါလား...နဲနဲနှိပ်စက်မှဖြစ်မယ်နဲ့တူတယ်..."
"လုပ်ပေါ့...မကြောက်ပေါင်...Blah..."
"အမယ်...ခွေးပေါက်လာစမ်း..."
ဧည့်ခန်းကျယ်ကြီးထဲတွင်မိုးခနှင့်ဆောင်းဦးတို့ပတ်ပြေးနေကြသည်.....
ဆောင်းဦး...မိုးခကိုဖမ်းမိသွားပြီးချုပ်ထားရာမှမိုးခကိုအုပ်မိုးလျက်သားအနေအထားနှင့်မိုးခရဲ့မျက်ဝန်းနက်တွေမှာအားတောင်မရှိတော့သည်အထိကျရှုံးလေသည်....
မင်းရဲ့ဒီအကြည့်တွေကမင်းအတွက်အန္တရာယ်များတယ်ကလေးငယ်......
ငြိမ်သက်သွားသည်ကိုအခွင့်ကောင်းယူကာဆောင်းဦးလက်ကိုကုန်းကိုက်၍ခြဲထဲသို့ပြေးလာခဲ့သည်....ထိုစဥ်ခြံထဲသို့ဝင်လာသောကားရှေ့ရောက်တော့အပြေးတို့ရပ်တန့်သွားသည်......
ဦး...အလုပ်မသွားဘူးလား...
ထို့နောက်ကားထဲမှလူနှစ်ယောက်အရင်ဆင်းလာသည်......နွေဦးမာန်ကိုတွဲထားကာအိမ်ထဲသို့ဝင်ကြသည်...နွေဦးမာန်မှာလည်းလက်မှာသွေးတွေနဲ့သတိရှိတချက်မရှိတချက်နဲ့ပင်......
"ဦး..အာ..အကိုလေးဘာဖြစ်တာလဲ..ဘာဖြစ်လာကြတာလဲ..."
"ငါ့အခန်း..."
"အပေါ်မှာပါ...လာပါရှင်..."
နွေဦးမာန်ကိုအခန်းထဲကကုတင်ထက်တွင်ချပြီးနောက်ဆရာဝန်ခေါ်ကြသည်....ဆရာဝန်မလာခင်သွေးထွက်မလွန်အောင်ဒဏ်ရာကိုရေဖြင့်အရင်ဆေးကာအဝတ်သန့်သန့်လေးဖြင့်အုပ်ထားသည်.....မိုးခတစ်ယောက်လက်တွေရောခြေတွေပါတုန်ယင်နေသည်.....ချစ်နေရပြီမို့ကိုယ်ချစ်တဲ့သူကိုနဲနဲတောင်မထိခိုက်စေချင်တာချစ်သူတိုင်းရဲ့ဆန္ဒပါပင်......နွေဦးမာန်၏နာကျင်နေသောပုံသည်မိုးခကိုပါထပ်တူနာကျင်စေသည်.........
BẠN ĐANG ĐỌC
👨💼👨🍳My housemaid👨💼👨🍳(Completed)
Lãng mạnအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... နွေဦးမာန် ချစ်တယ်ဦး...ဥပေက္ခာပြုလိုက်ပါ...မုန်းတော့မမုန်းလိုက်ပါနဲ့ လောကနိယာမတွေကိုဆန့်ကျင်ပြီးခ...